ရှစ်လထဲ ရောက်ပြီ
သည်အိမ်ကြီးထဲမှာပဲ သူ နေရတာ ရှစ်လ ရှိခဲ့ပြီ
သိပ်မစိမ်းတော့ပေမဲ့ ရင်းနှီးသွားကြတာတော့
မဟုတ်ပြန်ဘူး
ဟိုမရောက် သည်မရောက်
အခြေအနေ နှစ်ခုကြားက ဆက်ဆံရေးမျိုး"ဟေး Chu.....
တကယ်လို့ ဆရာက သူ့ကို သတ်ခိုင်းရင်
သတ်မှာလား ကိုယ့်လူ""ဆရာက ခလေးမကို မထိမှ
ငါ့ကို လိုရာ စေနိုင်လိမ့်မယ်
ထိတာနဲ့ ကျေးဇူးရှင်တွေ ဘာတွေ ငါ
နားလည်နေမှာ မဟုတ်ဘူး""ခလေးမလေး ကရော
မင်းစိတ်ကို သိရဲ့လားကွာ....""မဖြစ်မနေ သိဖို့လိုလို့လား Johnရာ
သူ့မိဘတွေ ဘေးကင်းနေသရွေ့
ငါ့အနား ရှိနေမှာပဲဟာ....."ပြန်တွေးမိတယ် အဲ့နေ့လေးကို
"မင်း ငါနဲ့ မလိုက်ရင် မင်းမိဘတွေကို
သစ်ပစ်မယ် ဆိုပြီး
ခလေးမလေးကို မင်း အဲ့လို ပြောခဲ့တုန်းက
သူတကယ် လန့်နေရှာတာနော်""အင်း သူ ကြောက်ကြောက်နဲ့ လိုက်ခဲ့ပါ့မယ်
ပြောတော့ ကမ္ဘာကြီး တစ်ခုလုံး
ရပ်တန့်သွားသလိုပဲ ငါ တကယ်
ပျော်ခဲ့တာ John""မင်းတို့ ငါတို့ ဆိုတာ
ဆဲဆိုအော်ဟစ်သံတွေကြားမှာ
ကြီးပြင်းလာရပြီး ဘယ်နားသွားသွား
နှင်လွှတ်ခံခဲ့ရတာကိုးနော်
မနူးညံ့တတ်တာ ငါတို့ အမှားမဟုတ်ဘူး""ပြီးတော့ ပြောဦးမယ် Chu
ကိုယ် အထိမခံနိုင်တဲ့ အစိတ်အပိုင်း ဒါမှမဟုတ်သက်ရှိ တစ်စုံတစ်ယောက်ကို
အားနည်းချက် လို့ ခေါ်တယ် ""အားနည်းချက်ဆိုတာ ရှိသွားပြီဆို
အရင်လောက် မသန်မာတော့တာကို
သိထားဦးကွာ....
ပျော့ကွက်ဆိုတာ ရှိနေရင် တစ်ဖက်လူက
အဲ့ပျော့ကွက်ကိုပဲ ချိန်တာ
ဒါ တွင်ကျယ်တဲ့ သဘောတရားတစ်ခုပဲ Chu"ငါ ဘာကို ဆိုလိုတယ် ဆိုတာ မင်း နားလည်မှာပါ
"အင်း ငါ နားလည်တယ် John
ငါ့အားနည်းချက်ကိုအပြည့်အ၀
ကာကွယ်နိုင်ဖို့ဆို
ငါ သည်ထပ် အများကြီး ပိုသန်မာဖို့ လိုတယ်
ဟုတ်တယ်မလား?""Chu မင်းကတော့ကွာ.... "
"မင်းရဲ့ အားနည်းချက်ကို ငါရော အတူ
ကာကွယ်ပေးမယ်
ဘ၀ကို အတူကျောင်းခဲ့တဲ့သူတွေပဲ
ငါ မင်းကို တွယ်တာတယ် Chu
အချင်းချင်း သည်လို ပြောရတာ ရှက်ပေမဲ့
အမြဲ အတူတူပေါ့ကွာ....နော်
YOU ARE READING
PSYCHO
Poesiaတကယ်တော့ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ရေးချင်တာ ကိုယ်က အဲ့လိုဖက်မှာ ပါရမီ ပါမလာခဲ့ဘူး ထင်ရဲ့ ရေးဖို့ကြိုးစားပေမဲ့ ဘယ်လိုမှ ဖြစ်မလာခဲ့ဘူး...... ဒါ့ကြောင့် ကိုယ် အားသန်ရာ စာအပိုင်းအစလေးတွေနဲ့ပဲ ပုံဖော်ထားပါတယ်...... သဘောတွေ့ချင်မှလည်း သဘောတွေ့ကြမယ် သဘောမတွေ့...