part25

15.5K 1.2K 35
                                    

[Zawgyi]
"ဘယ်သူ့ဆီကဖုန်းလဲ လူကြီး.."

ကုတင်ပေါ် ခြေ ကားယားလေးထိုင် နေသည့်ပူတူးက မင်းကောင်းမြတ်လက်ထဲမှမြည်လာသည့်ဖုန်းအား မျက်စပစ်ကာမေးလိုက်လေသည်။

အခုတလော ပူတူးက ကိုယ်ဝန်လရင့်လာ၍လားမသိ..စိတ်တိုင်းမကျတတ်သလို.. သူ့ကိုလည်း တအားကိုသဝန်တိုတတ်လွန်းလေသည်။

တစ်ခါတစ်လေ သက်တော်စောင့်တွေနဲ့ ပဲဖြစ်ဖြစ်...တစ်ခါတစ်လေ ဆို...ဘယ်ကမှန်း မသိသည့်နာမည်တွေအားရွတ်ပြကာ သူမေးမိတာနှင့် စိတ်ကကောက်နေလေပြီ။

ဥပမာ-ခင်မြဝင်း ကိုပါးသွားရိုက်မယ်...
        ပြီးရင် ပူတူးဒီည ထမင်းမစားတော့ဘူး...စသည်ဖြင့်ပြောတတ်သည်။

သူကမသိ၍...
ခင်မြဝင်းက်ုဘာလို့ပါးသွားချမှာလဲ လို့မေးမိတာက်ု ၃ရက်လောက်အသားအထိမခံပဲစိတ်ကောင်နေလေသည်။
အကြောင်းအရင်းကတော့ သူဘာလို့ထမင်းမစားတာလဲ ကို မမေးဘဲ ခင်မြဦး ကိစ္စကိုအရင်မေးလို့တဲ့လေ။သူကတော့ဖြင့် ခင်မြဦး ကဘယ်သူလဲ မသိခဲ့ရိုးအမှန်ပါ။

"လူကြီး..!!.."

လက်ထဲက ဖုန်းအားကြောင်ကြည့်နေသည့်မင်းကောင်းမြတ်ကြောင့် ရှင်မင်းယံလည်း ဖြည်းဖြည်း ချင်း ထိန်းထကာ အနားသွား၍အော်ပစ်လိုက်လေသည်။

ဒီလူကြီးပြောင်းလဲနေတာပါဆို။

"ပူတူး...ရာ..ဘာလို့ ထလာရတာလည်း...ကိုယ်လာမှာပေါ့.."

"ပေး...ပေး..အဲ့ဖုန်း..."

ပခုံးကိုလာဖတ်သည့် ထိုလူကြီးရဲ့လက်တွေအားဖြုတ်ချကာ မျက်နှာရှေ့သို့ လက်ဝါး ခံ လိုက်လေသည်။ထိုစဉ်နောက်တစ်ကြိမ်ထပ်မြည်လာသည့်ဖုန်းသံကြောင့်....။

"Daddy...တဲ့...ဘာလို့လဲ မသိဘူး.."

"ကိုင်လိုက်လေ..."

မင်းကောင်းမြတ်လဲ ဗိုက်ဗိုက်ကို ကုတင်ပေါ်သို့တွဲခေါ်လိုက်ရင်း..သူပါဝင်ထိုင်ကာဖုန်းကိုင်လိုက်လေသည်။

"ဟဲလို...ဒယ်."

"ယံယံလေးကိုဖုန်းပေးလိုက်.."

စပ်စုစိန်လေးအားသူကတစ်ချက်ကြည့်လိုက်လေတော့ ဘာလဲ ဟူသည့် မျက်နှာဘေးဖြင့် ပြန်ကြည့်လေသည်။

ညာတာပါတေး(complete)Where stories live. Discover now