part26

16K 1.3K 37
                                    

[Zawgyi]
အတိတ်အကြောင်းတွေကို ပြန်ပြီး မတူးဆွချင်ခဲ့ဘူး...။ငယ့်အတွက် သူက အမြဲသစ္စာမတည်တဲ့သူ ဆိုပြီး လိပ်ပြာမလုံခဲ့လို့။

လွန်ခဲ့တဲ့လတွေတည်းကပျောက်သွားတဲ့ငယ်က သူဖုန်းဆတ်တဲ့နေ့...တစ်နည်းဆို ရရင် သူ့ဘဝရဲ့မေ့နေခဲ့တဲ့ အရေးကြီးဆုံးအရာ ကိုပြန်သတိရလာတဲ့ နေ့ ...အသံလေးသာကြားလိုက်ရလေသည်။

သူဘယ်လောက်ခေါ်ခေါ် ကိုင်ပင်မကိုင်တော့သည့် သူ့ရဲ့ငယ်။နောက်တစ်ရက်ရောက်တော့ ဂျပန်ပြည်ကိုထွက်သွားခဲ့လေပြီတဲ့။

ငယ်ဟာရက်စက်သူပါလို့လဲ သူမပြောရက်ခဲ့ဘူး။ဒါပေမယ့် ငယ်မသိခဲ့တဲ့အမှန်တရားတွေကိုတော့သူပြောပြခဲ့ချင်ပါသေးတယ်။

ကားကိုကျင်လည်စွာမောင်းနှင်လာခဲ့ပြီးတဲ့နောက်မှာ အတိတ်တုန်းက ရင်ခုန်ခြင်းဆိုတာ မသိခင်မှာ သူ့ကိုစတွေ့ခဲ့ရာနေရာလေးဆီသို့။

လမ်းသွယ်သွယ်လေးထဲကားမောင်းဝင်လာခဲ့လေသည်။ လမ်းတစ်ဖက်စီတွင် စီတန်းစိုက်ပျိုးထားသည့်ယူကလစ်ပင်တွေကလည်း ဟိုတုန်းကအတိုင်းပင်။

အတူတူထိုင်ကာဆော့ကစားခဲ့သည့်တောင်ကမုလေးကယခုဆို ကလေးကစားကွင်းလေးပင်ဖြစ်နေလေပြီ။

သြော်...နှစ်တွေတောင်အတော်ကြာညောင်းနေခဲ့ပြီကိုး။

နှစ်ထပ် တိုက်ကြီး ရှေ့သို့အရောက်တွင် သူကားကိုရပ်လိုက်လေသည်။အဝေးဘက်ဆီမှ နေရောင်ဖျော့ဖျော့ကြောင့်..သူကောင်းမောင်းလာတာ နေအတော်စောင်းခဲ့ပြီကိုး။

ကားပေါ်က ဆင်းဆင်းချင်းတွင်...အနားသို့ရောက်လာသောကလေးငယ်တစ်ယောက်...

"ဟင်...ဦးဦးကဟိုမွေးနေ့ရှင်ဦးဦးမဟုတ်လား.."

သူ့လက်အားဆွဲကာမော့ငေးနေသည့်ကလေးလေးရှေ့သို့ဒူးတုတ်ကာထိုင်ချလိုက်လေသည်။

"ဦးဦးကဒီကိုအခုမှရောက်ဖူးတာကလေးရဲ့..."

"မဟုတ်ဘူး...မဟုတ်ဘူး..အာဦးဦးက ဦး ထက်ကောင်း မဟုတ်ဘူးလား...မီးမီးတို့မမှားပါဘူး...ဦးဦးရဲ့မွေးနေ့ဆို ဒီမှာ နှစ်တိုင်း မီးမီးတို့ကိုအရုပ်တွေမုန့်တွေ လာလာပေးတာလေ..."

ညာတာပါတေး(complete)Where stories live. Discover now