[Zawgyi]
ခပ်လှမ်းလှမ်း မှာ လှုပ်စိလှုပ်စိလမ်းလျှောက်နေသည့် တစ်ယောက်သောသူ က တစ်ခုခုကိုအတွေးလွန်နေပုံရသည်။ဒါ...သူ့ရဲ့အရိပ်ကလေး...။
လွန်ခဲ့တဲ့တစ်လလောက်တည်းက ရှာနေခဲ့ရသည့် တစ်ယောက်သောသူ။ဆာကူယာတွေ က ထိုသူ့အပေါ်မှာပဲ ကွက်ကာကြွေနေသကဲ့သို့ သူ့မျက်ဝန်းထဲ မှာ အရာအားလုံးပျောက်ကွယ်လုနေပြီ။
လက်သီးဆုတ်လေးအားဖြန့်ကာ ပွင့်ဖက်လေးတွေကို လိုက်လံဖမ်းဆုတ်နေလေသည်။အနောက်ကနေ အသာတိတ်တိတ်လေးလျှောက် သွားလိုက်သည်။ အင်း ခုံတန်းရှည် တစ်ခုပေါ်ဝင်ထိုင် လိုက်သည့် ငယ်က သက်ပျင်းလေး ချလိုက်သလိုပင်။
"မတွေ့တာအတော်ကြာပြီနော်.."
"ဟင်..!!"
သူ့ကိုမြင်လေတော့ အထိတ်တလန့်ဖြစ်သွားပုံရသည်။ထားပါ ဒါသူအံ့သြသွားတာလို့ပဲ ယူဆထားလိုက်ပါ့မယ်။
ခုံတန်းရှည်ပေါ်သူ ထိုင်လိုက်သည် ကို လိုက်ကြည့်နေသည့်ငယ့် ဆီမှ ဘာစကားသံ မျှပင်မကြားရပေ။လမ်း ကျဉ်းလေး တစ်ခုဆီမှ လက်ချင်းတွဲကာလျှောက်လှမ်းနေကြသည့် ကြည်နူးစရာ စုံတွဲတွေ အား ကြည့်ကာ သူပြုံးလိုက်လေသည်။
"ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲ...ဟုတ်တယ်မှတ်လား..."
ဦးမိုးကောင်းမှာ သူပြောနေတာတွေကို သိပ်နားမလည်မိပေမယ့် ရောရောင်ကာခေါင်းညိမ့် မိလိုက်လေသည်။အကိုကတော့ ပြုံးလျှက်ပင် သူ့အား ပြန်ကြည့်လာလေသည်။
"ယံယံ လေးက သားလေးမွေးတယ် သိလား.."
"ဟုတ်..."
ဦးမိုးကောင်း၏အသံကအနည်းငယ်တုန်သွားသည်မှာတော့အသေအချာပင်။ဘာကြောင့်ဆို....ခုံတန်းပေါ် တင်ထားသည့်သူ့လက်အား အကို့လက်သန်းတွေက လာရောက် ဆော့ကစားချင်နေသောကြောင့်ပင်။
အရင် က အရင်က ထက်ပင် ပိုပြီးရင်ခုန်ရပေမယ့်...သူအမြန်ထိန်းကာ စကားစရန်ပြင်လိုက်လေသည်။
"ကျွန်တော် ပြန်မှရမယ်...အကိုကဒီကိုအလုပ်ကိစ္စနဲ့လာတာလား.."
"အလုပ်ကိစ္စတော့မဟုတ်ပါဘူး...ကိုယ့်ကိုတစ်ဘဝလုံး ရှောင်ပြေးချင်နေတဲ့..အဖိုးတန်လေးကိုလာရှာတာလေ.."
YOU ARE READING
ညာတာပါတေး(complete)
Romanceယခုရေးသားထားသောအကြောင်းအရာများသည်စိတ်ကူးယဉ်သက်သက်သာဖြစ်၍အပြင်နဲ့ကွဲလွဲနိုင်ပါသည်...ထို့အတွက်တိုက်ဆိုင်မှုတစ်စုံတစ်ရာရှိပါကတောင်းပန်အပ်ပါသည်.. .. warningပေးပါတယ်🍑