Part [ 9 ]

256 23 2
                                    

ပူပြင်းလှသည့်နေရောင်ဟာပတ်ဝန်းကျင်တစ်ခွင်လုံးကို ဖြန့်ကျက်အလင်းပေးနေသည်။ ပင်စည်လုံးပတ်ကြီးကြီး အရွက်တွေဝေဖြာထွက်နေသော သစ်ပင်ကြီးအောက်ရှိ သစ်သားခုံလေး၌ ထိုင်နေသောsingဟာခေါင်းကိုအရှေ့အနောက်တောင်မြောက် 360ဒီဂရီလှည့်လျက် မည်သည်ကိုရှာနေမှန်းမသိ။

ထိုအချိန်ထွက်ပေါ်လာသည့်အသံလေးတစ်သံကြောင့် singမျက်နှာကအလိုလိုအပြုံးပန်းပွင့်လာသည်။

"P'sing ....."
ခပ်လှမ်းလှမ်းကနေ singနာမည်ကိုလှမ်းခေါ်နေသော Krist။ သူ့ထက်ဖြူသောအသားအရေပေါ်တွင်မိုးပြာရောင်ရှပ်ကလေးကို တံတောင်ကွေးထိ ခေါက်တင်ထားပြီး ဂျင်းပန်အနက်ကလေးနဲ့တွဲဝတ်ထားသော Krist က လူကြီးဆန်ဆန်ဝတ်ထားပေမယ့် ခပ်ပြည့်ပြည့်မျက်နှာ နဖူးရှေ့ခပ်ဝဲဝဲကျနေသောဆံနွယ်လေးတွေကြောင့် ချစ်ဖို့ကောင်းသည့်ဘက်သို့ ပိုအလေးသာနေသည်လား။ ရယ်လိုက်တိုင်းပေါ်လာတဲ့ပါးချိုင့်ခွက်ခွက်လေးတွေကပဲ ချစ်စရာကောင်းမှုကိုပိုမိုပံ့ပိုးနေသည်လားမသိ။ လူကိုတော့ဆွဲဆောင်နိုင်မှန်းသိသည်။

ပန်းခြံထဲတွင်ပေမယ့် ပူလွန်းသည့်ရာသီဥတုကြောင့် singဤသစ်ပင်ကြီးအောက်တွင်နေရာယူခဲ့ခြင်း။ sing လက်ကလေးမြှောက်၍ဤနေရာသို့လာရန် Kristကိုခေါ်လိုက်သည်။

စက်ဘီးလေးတကားကားနဲ့လာနေသော Krist သည် မျက်နှာထက်၌ပါးချိုင့်လေးထင်းအောင်ပြုံးလျက် sing ရှိရာသို့ဦးတည်သည်။ sing ကိုသာကြည့်နေသော Krist သည် မြေပြင်၌ခဲလုံးတွေရှိသည်ကိုပင် သတိမမူမိ ရည်ရွယ်သူဆီရောက်ရန်သာစိတ်ကဆောင်နေသဖြင့် စက်ဘီးကိုတရစပ်နင်းလာခဲ့သည်။ singနားရောက်ခါနီး၌ ခဲလုံးတွေကို စက်ဘီးနဲ့တက်ကြိတ်မိပြီး ဟန်ချက်မထိန်းမိသော Krist ခင်ဗျာ မြေပေါ်သို့ အင့်ခနဲပြုတ်ကျသွားသည်။
kristနားသို့singအပြေးလေးရောက်လာခဲ့သည်။ စက်ဘီးကတော့ဘာမှမဖြစ်။ လူကတော့အနည်းငယ်ပွန်းပဲ့သွားသည်။မြေပြင်၌မျက်နှာလေးမဲ့လျက်ဆူပုပ်နေသော krist ကို အသည်းယားနေသူမှာ Singto prachayaပင်။
(ဓားထိတုန်းက သူမဟုတ်တဲ့အတိုင်းပဲနော် ကိုကိုကစ်တို့ကတော့😌 ရွှီးခနဲ ရွှီးခနဲနဲ့ ခုတော့)

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now