Part [ 14 ]

206 22 5
                                    

ခြေလှမ်းတွေမခိုင်တခိုင်ဖြင့် ယိုင်နဲ့နဲ့ပြေးလာသောkrist။ kristနှင့်အကွာအဝေးအနည်းငယ်တွင် လက်နက်အဖြစ်တုတ်တွေကိုင်ဆောင်ထားလျက် မျက်နှာကိုတစ်ဝက်အုပ်ထားသောလူတစ်စု။ ထိုလူတစ်စုနောက်၌ပင် ကပ်၍ထပ်လိုက်လာသောနောက်ထပ်လူတစ်စု။ ပြေးနေရင်းပင်kristကိုယ်တိုင်အခြေအနေမဟန်တော့ပေ။ လူကမူးမေ့ချင်သလိုဖြစ်လာပြီ။ ထိုလူတွေရဲ့လက်ချက်ကြောင့်ခေါင်းပေါ်ကစီးကျနေသည့်သွေးတွေကလည်းမနဲမနော။ ရိုက်ခံရသည်ကတစ်ချက်ဆိုပေမယ့် တစ်ချက်ဆိုရင်ဆိုသလောက် အရှိန်ကလည်းပြင်းလှသည်။ သို့ပေမယ့်သူပြေးရမည်။ ထိုလူတွေလက်ထဲတော့အပါမခံနိုင်။ kristအားအင်ရှိသလောက်ပြေး၍ ချောင်တစ်ချောင်ကိုအမြန်ဝင်ခိုလိုက်သည်။ ထိုလူ၂စုတိုက်နေကြ၍သာတော်တော့သည်။

သူအခြေအနေတွေကိုဒီကပင်စောင့်ကြည့်ရမည်။ သူ့နောက်လိုက်လာသည့်လူတစ်စုကဘယ်သူ့လက်ချက်မှန်းသိသည်။သို့သော်နောက်တစ်စုကကော။ သူ့ကိုကာကွယ်ပေးနေသည်လား။ သူမတွေးတတ်တော့။ ခေါင်းကမူးနေသည့်ကြားထဲသူတစ်ခုမှမစဥ်းစားချင်တော့တာအမှန်။ krist ဖုန်းဖွင့်၍ sing ကိုဖုန်းခေါ်လိုက်သည်။ ခေါ်ဆိုသောဖုန်းက သတ်မှတ်ချိန်အတွင်းဖြေကြားခြင်းမရှိဟုသာဆက်တိုက်အော်နေသည်။ သူဆက်နေတာယခုအခါနှင့်ဆိုလျှင်၆ခါမြောက်ရှိနေပြီဖြစ်သည်။ ချစ်သူဖြစ်သည်တည်းကအရင်လောက်သူ့ကိုဂရုမစိုက်နိုင်ဖြစ်နေသည့် ထိုလူကိုစိတ်တိုရမလား။ မိဘကိုစိတ်မပူစေချင်သည့်kristစိတ်ကြောင့်လည်း မိခင်ဖြစ်သူPanကိုလည်းဆက်သွယ်မဖြစ်ခဲ့။
Krist နံရံကိုမှီလျက်လျောထိုင်ချလိုက်သည်။ ဦးခေါင်းကနာကျင်မှုကိုအံတုရင်းမျက်လုံးတွေကမှိတ်လျက်သား။
တစ်ယောက်ယောက်များ ရောက်လာလေမလားမျော်လင့်ရင်း
"P.... "
ဟုသာတစ်ဖွဖွရွတ်လျက် အရာအာလုံးဟာအမှောင်ကမ္ဘာဆီသို့.....။ ယခုချိန်အပြင်မှာဖြစ်ပျက်နေသည်များကိုသူမမြင်နိုင်တော့။ တိုက်ခိုက်နေကြသည့်လူနှစ်စု ဘယ်သူနိုင်မှန်းလည်းသူမသိနိုင်တော့။

.............................................

"Kit...ဖုန်းတွေဆက်ထားပါလား"
Sing အစည်းအဝေးပြီးသည်နှင့်အမြန်ထွက်လာလိုက်သည်။ ၁နာရီသာကြာမည့်အစည်းအဝေးက ခု၂နာရီကျော်နေပြီဖြစ်သည်။ sing ဖုန်းပြန်ဆက်လိုက်တော့ ခေါ်ဆိုသောဖုန်းက ဖြေဆိုသူမရှိသဖြင့် သတ်မှတ်ချိန်အတွင်းဖြေကြားခြင်းမရှိသည်နှင့်သာအဆုံးသတ်ပြန်သည်။ ခေါ်ဆိုကြိမ်များလာသည်နှင့်စိုးရိမ်ချိန်လည်းမြင့်တက်နေပြီဖြစ်သည်။ message ပို့သည်ကိုလည်းပြန်မဖြေနိုင်သည်အထိ သည်ကောင်လေးဘယ်တွေများရောက်နေမလဲ။

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now