Part [ 16 ]

219 22 8
                                    

ညို့မှောင်းနေသည့်ကောင်းကင်ကြီးက ဒေါသမိုးတွေရွာချထားသဖြင့် လမ်းမထက်နေရာတိုင်း၌မိုးရေတွေစိုရွှဲလို့နေသည်။ မိုးကြီးလေကြီးကြောင့်ဖြစ်လာသည့်accidentတစ်ခုကအခြားကားများ၏အသွားအလာကိုနှောင့်နှေးစေသည်။ ထိုထဲတွင်kristကားလည်းအပါအဝင်ဖြစ်သည်။ ကားတွေတီးနေသည့်ဆူဆူညံညံဟွန်းတီးသံတွေကြောင့်kristစိတ်တွေပိုရှုပ်လာရသည်။ ရှုပ်ထွေးနေသည့်စိတ်တွေက ဆက်လက်စဖုန်းကိုနားထောင်ပြီးသည်နှင့် ဒေါသအဖြစ်သို့ပြောင်းလဲပြန်သည်။ ဆက်သွယ်မှုၔရိယာပြင်ပရောက်နေတာ တစ်ပတ်ကျော်ကျော်ရှိနေပြီဖြစ်သည့်ခေါ်ဆိုမှုက Singtoဆိုသည်မှာမလွဲ။ တစ်ပတ်လို့ပြောသွားသည့်သူကခုတစ်ပတ်ကျော်ခဲ့ပြီ။ တစ်ပတ်အတွင်းမှာအလုပ်ကိစ္စတွေကြောင့်မအားရင်တောင် ဖုန်းလေးတစ်ချက်လောက်တော့ဆက်သင့်တယ်မလား။ ဖုန်းမဆက်ဖြစ်ရင်တောင် စာလေးပို့သင့်သည်လို့kristထင်သည်။ သူတို့နှစ်ယောက်ဆက်ဆံရေးက အဲ့လောက်တောင်ပဲဝေးကွာလွန်းခဲ့တာလား kristမသိပါ။ kristစိတ်ညစ်ညစ်နှင့်ကားစီယာတိုင်ပေါ်ကို ခေါင်းတင်၍မှေးနေသည်။ ထိုအချိန်kristဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ namelessဖြစ်နေသည့်numberတစ်ခု။kristမြည်နေသည့်ဖုန်းကိုကိုင်လိုက်သည်။ namelessဖြစ်နေသည့် numberတစ်ခုကိုသူမျှော်လင့်ချင်သေးသည်။ သူမျှော်နေသူများဖြစ်မလားမျှော်လင့်ချက်လေးနှင့်!

"Hello..."

"Khun krist ဟုတ်ပါသလားဗျာ"

"ဟုတ်ပါတယ် ဘယ်သူလဲ...မသိ"

"Khun krist'mae....................."
ဖုန်းပြောပြီးသည်နှင့်Kristကားထဲကနေအလောတကြီးထွက်လာသည်။ ကားလမ်းပွင့်ချိန်စောင့်ဖို့ရာ သူ့မှာအချိန်မရှိ။ khun krist'mae ဆေးရုံရောက်နေသည်ဆိုသည်နှင့်အပြေးထွက်လာရသည်။ မိုးရွာသည်ကိုလည်းသူဂရုမစိုက်နိုင်တော့ပါ။ ကားရပ်ထားသည့်နေရာနှင့်ဆေးရုံကအနည်းငယ်ဝေးသော်လည်း စိုးရိမ်ရတယ်ဆိုသည့်အခြေအနေမှာသူ့အတွေးထဲ၌မည်သည်မှမရှိတော့။ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ သူ့မိခင်ကိုတွေ့ရဖို့သာဦးစွာပထမ...။

ဆေးရုံရောက်သည်နှင့်krist အရေးပေါ်ဌာနကိုအမြန်သွားလိုက်သည်။ မိုးရေတွေရွှဲလာသည့်kristကိုNurseကသေချာကြည့်နေသည်။

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now