Part [ 15 ]

233 21 4
                                    

မှောင်ရိပ်ရိပ်ရှိနေသောအခန်းတစ်ခုတွင် မျက်နှာချင်းဆိုင်ထိုင်နေသူ၂ယောက်နှင့် ခုံလက်တန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသူတစ်ယောက်။ ထိုသူတို့၌တူညီနေသည်အရာကား စိတ်ထဲကဒေါသမီးတွေ။ ဖြစ်ချင်သလိုမဖြစ်လာသည့်အတွက် ကိုယ်စီကိုယ်စီဒေါသမီးလောင်မြိုက်နေကြခြင်း။

"Chaiမင်းပြောတော့ မင်းလုပ်ရင်စိုးရိမ်စရာမလိုဘူးဆို ခုတော့ဘယ်လိုဖြစ်တာလဲ"

အထင်သေးသလိုပြောလာသူNinကိုတစ်ချက်မျက်လုံးပင့်ကြည့်၍Chai မျက်နှာလွှဲသွားသည်။ မထင်မှတ်ထားသည့်အခြေအနေကိုသူလည်းမရှောင်လွှဲနိုင်။ ဟိုဘက်ကလူတွေက ကိုယ့်လူတွေထက်လက်ရည်သာသည်။ ကိုယ်တိုင်ခြုံခိုတိုက်ခိုက်ခံရသည့်အဖြစ်က Chaiအတွက်ခံစားချက်မကောင်းလှ။ ကိုယ့်ထက်လည်သောသူ အကွက်ချတတ်သူနဲ့တွေ့ခဲ့ရသည်လေ။

"အမှန်ဆို ကျွန်တော့ဘက်ကမပေါက်ကြားဘူး။ အစ်ကို့ဘက်ကပဲပေါက်ကြားတာနေမှာ။ အခုpanကတောင်အစ်ကို့ကိုဂရုစိုက်တော့တာမဟုတ်ဘူး"

"ငါ့ဘက်ကပေါက်ကြားစရာမရှိဘူး မင်းလူတွေကိုသာမင်းမထိန်းချုပ်နိုင်တာ ပြောလိုက်ရင်တော့လေကြီးမိုးကြီး...လုပ်လိုက်ရင်တစ်ခုမှအဆင်မပြေဘူး"

"အစ်ကိုကကောဘာထူးလို့လဲ ကျွန်တော်စီစဥ်ပေးသမျှကိုအဆင်သင့် ခူးခပ်စားနေတာ ကိုယ်တိုင်ကျရေရေရာရာဘာမှမလုပ်ဘူး"

"မင်း... "
ညီအစ်ကိုနှစ်ယောက် တစ်ယောက်အပြစ်တစ်ယောက်လွှဲချနေသည်ကို Mr. Prachaya ငြိမ်ငြိမ်သာကြည့်နေသည်။ သွေးဆူနေတတ်တာMr. Prachaya၏အကျင့်မဟုတ်။ ဒီလိုသွေးဆူတတ်ခဲ့ရင်သူခုလိုနေရာကိုရောက်လာခဲ့ပါ့မလား။ ပြဿနာတစ်ခုမှာသွေးအေးတတ်သူသာ အနိုင်ရစမြဲလို့ သူမှတ်ယူခဲ့တာ စီးပွားရေးလောကထဲဝင်သည်ထဲက။

"ဖြစ်ပြီးတာတွေလည်းဖြစ်ပြီးပြီပဲ တစ်ယောက်အပြစ်တစ်ယောက်ပို့မနေနဲ့တော့ အရေးကြီးတာ ဘယ်လိုဆက်လုပ်မှာလဲ"

"ကျွန်တော့အထင် Panသိနေလောက်ပြီ။ ဒီကိစ္စကသူမဟုတ်ရင်အခြားသူမရှိဘူး"

"အဲ့တော့... ဘယ်လိုဆက်လုပ်မှာလဲ"

"အဲ့တော့...လုပ်ရမှာတစ်ခုပဲရှိတော့မှာပေါ့..."
ဒေါသရိပ်သန်းနေသည့်Ninမျက်နှာကနေ ခပ်ထေ့ထေ့အပြုံးတစ်ခုချိတ်ဆွဲလာသည်။ ညီအစ်ကိုချင်းစိတ်ချင်းဆက်နေသလား Chaiဆီမှာလည်းထိုနည်းတူစွာ။ နှစ်ယောက်လုံး၏မျက်လုံးတွေက သူ့တို့ရှေ့၌ရပ်နေသည့်Mr. Prachayaထံ။ Mr. Prachayaဆိုသည်မှာသူတို့လိုလူတွေနဲ့ကျင်လည်ခဲ့သည်မို့ မည်သည်ကိုဆိုလိုမှန်းအကြည့်တွေကိုမြင်ရုံတင် ခန့်မှန်းမိသည်။

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now