Part [ 12 ]

220 19 6
                                    

"တင်းတောင်... တင်းတောင်"
အိမ်ရှေ့တံခါးမကြီးမှဘဲလ်မြည်သံသည် နံနက်အလင်းရောင်အစပြုခါရှိသေးသည် အဆက်မပြတ်ကြားနေရသည်။ kristကတော့ သင်တန်းပိတ်ရက်ဖြစ်၍အိပ်ကောင်းဆဲပင်။
"တင်းတောင်...တင်းတောင်...တင်းတောင်... တင်းတောင်"
အဆက်မပြတ်မြည်နေသောဘဲလ်သံကြောင့် kristအိပ်ရာထက်၌လူးလိမ့်လာသည်။

"ဘယ်သူလဲမသိဘူးကွာ။ အိပ်ရေးပျက်တယ်တကယ်ပဲ။ Maeကလည်းမဖွင့်ပေးဘူး"

"အွန်း... Maeကနေ့လည်မှပြန်လာမှာပဲ"

အိပ်ရာထက်မှKrist အိပ်ချင်မူးတူးခြေလှမ်းများဖြင့်တံခါးရှိရာသို့သွားသည်။ သူတံခါးဆီမရောက်မချင်းဘဲလ်သံကိုကြားနေရဆဲ။ တံခါးလည်းအဖွင့် ဘဲလ်ဆက်တီးရန်လက်လှမ်းနေသောသူတစ်ယောက်.....

"P'sing..."
အလန့်တကြားနှင့်သူ့နာမည်ကိုခေါ်လိုက်သောkristသည် ညအိပ်ဝတ်စုံနံ့သာရောင်အနုလေးဖြင့် ဆံပင်တို့မှာလည်းပွယောင်းယောင်း မျက်လုံးတွေကိုလည်းအိပ်နေရင်းပွတ်ထားတယ်ထင်သည် အနည်းငယ်နီနေလျက်။

"P အစောကြီးဘာလာလုပ်တာလဲ။ လာမယ်ဆိုလည်းဖုန်းဆက်ပေါ့။ "

"ကိုယ်ဆက်ထားတယ်လေ။ ဘယ်နှခေါက်တောင်ရှိပြီလဲ ဖုန်းကိုလည်းကြည့်ကြည့်အုံး"

ထိုအခါမှညကWadဖုန်းခဏခဏဆက်နေ၍kristဖုန်းကို silentလုပ်ထားမှန်းသတိရသည်။

"အွန်း...silentလုပ်ထားလို့"
ခုထိအိပ်ချင်မပြေသေးသောkristပုံစံသည် singအတွက်တော့ တညလုံးတွေ့ချင်နေခဲ့သည့်စိတ်တို့ကိုရုတ်ချည်းပျောက်ကင်းစေသည်။ မွေးနေ့ပွဲကပြန်လာသည်နှင့် P'newပြောခဲ့သည့်စကားတွေကနားထဲ၌repeatလုပ်ထားသကဲ့သို့ထပ်ကာထပ်ကာ။ တွေးမိတိုင်း နှုတ်ခမ်းလွှာ၌အပြုံးတို့ကိုဖြစ်တည်စေသည်။

"Pလာ အိမ်ထဲဝင်အုံး"

"အင်း"

"P ဘာကိစ္စရှိလို့လဲ။ ပြောစရာရှိလို့လား။ "

"အင်း ... တစ်နေရာကိုခေါ်သွားချင်လို့..."

"တစ်နေရာ?... ဘယ်ကိုလဲ"

"ဟင့်အင်း...မပြောပြဘူး။ ခုရေမိုးချိုးလိုက်အုံး။ ကိုယ်စောင့်နေမယ်။ပြီးရင်သွားကြမယ်။ မြန်မြန်... "

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now