Part [ 23 ] {Final}

509 19 14
                                    

ကြီးမသောခန်းမကျယ်ကြီးတစ်ခု...

ရှည်လျားကျယ်ပြန့်သောစားပွဲရှည်ကြီး၏ တစ်ဖက်တစ်ချက်ဆီတွင်အသီးသီးနေရာယူထားကြသောလူများရှိသည်။ ထိုလူတွေကား ကုမ္ပဏီ၏အစုစုသောရှယ်ယာတွေကိုပိုင်ဆိုင်ထားသောသူများဖြစ်သည်။ အကြောင်းရင်းသည် ကုမ္ပဏီ၏အခရာဖြစ်သောဥက္ကဌနေရာလွှဲပြောင်းခြင်းကြောင့်ဖြစ်သည်။ အမျိုးမျိုးအဖုံဖုံထင်မြင်ချက်တွေပေးနေကြသောလူများ အခန်းထဲသို့ဝင်လာသည့်သူကိုမြင်သည်နှင့်အကုန်အသံတိတ်ကုန်ကြသည်။နက်ပြာရောင်suitအပြည့်နှင့်ဆံပင်လှန်တင်ထားသူသည် ခန့်ညားသည်ထက်ပိုသည်။ တည်တင်းနေသောမျက်နှာထက်၌ ထိုလူ၏သြဇာညောင်းမှုကထင်ရှားသည်။ စားပွဲ၏ထိပ်တွင်မတ်တပ်ရပ်နေရာယူလျက် အကုန်လုံးကိုဝေ့ဝဲကြည့်လိုက်သည်။

"ဆာဝါဒီခ... ကျွန်တော်ကSingto Prachaya ပါ။ အရင်ဥက္ကဌရဲ့သားဆိုလည်းမမှားပါဘူး။ ဒီနေ့မှာတော့အဖေမလာနိုင်တဲ့အတွက် ကျွန်တော်ပဲအကုန်ပြင်ဆင်လာခဲ့ပါတယ်"

နေရာလွှဲပြောင်းကြောင်းအချက်အလက်တွေနှင့်တကွ ကုမ္ပဏီတစ်ခုလုံး၏အခရာနေရာကိုSingtoရရှိခဲ့သည်။ ဒါဟာသူ့ရဲ့လောဘတရားတွေမဟုတ်ပါဘူး။ သူ့ဘဝကိုရှုပ်ထွေးစေခဲ့တဲ့အစိတ်အပိုင်းတစ်ခုကို အပြီးတိုင်စီရင်နိုင်အောင်ပါ။ ကျင့်ဝတ်တွေ ပျက်သုဥ်းရခြင်းရဲ့နိဒါန်းက ပိုက်ဆံဆိုလည်းမမှားနိုင်ပါ။ လိုနေတဲ့သူတွေအတွက်ဆို သူအပြစ်မဆိုလိုပါ ပြီးပြည့်စုံပါလျက်နှင့်လိုချင်တပ်မက်နေရင်တော့ လောဘတရားလို့သတ်မှတ်ရမည်။ သူ့အဖေရဲ့ပိုင်ဆိုင်မှုတွေဆိုတာ တရားသောနည်းလမ်းတွေနဲ့ရခဲ့ခြင်းမဟုတ် နည်းလမ်းတွေမျိုးစုံကြိုးခုန်ခဲ့ပြီးမှရလာခြင်း။ ဒါတွေကိုသူမနှစ်မြို့ ထို့ကြောင့်ယခုကစပြီးသူစီရင်အုပ်ချုပ်မည်။ တရားသောနည်းလမ်း မျှတသောလမ်းစဥ်ကိုသူလျှောက်မည်။

.................................

ဒေါသ မောဟ လောဘတွေကင်းဝေးရာဆိတ်ငြိမ်သောအရပ်၌ပင်Mr.prachayaတရားဘောင်ဝင်ခဲ့သည်။ ကုန်လွန်ခဲ့သည့်နှစ်တွေမှာ ကိုယ့်ကိုယ်ကိုဆင်ခြင်ရင်း သားတစ်ယောက်အပေါ်တာဝန်မကျေပွန်တဲ့စိတ် လောဘတရားတွေနောက်သာလိုက်ခဲ့မိသည့်စိတ်တွေကို တရားအရိပ်ဘုရားအရိပ်တို့ဖြင့်ဤငြိမ်းချမ်းရာဒေသ၌အေးချမ်းစေမည်။ Singtoပြန်မလာခင် သူအလုံးစုံကိုလွှဲပြောင်းပေးခဲ့ပြီး တစ်ကိုယ်တည်းထွက်လာခဲ့သည်။Singtoလာတွေ့သည့်အချိန် သူ့အဖေ၏ပြောင်းလဲစွာကျင့်ကြံနေပုံကိုမြင်ရ၍ အံ့သြဝမ်းသာလို့မဆုံး။ Pan perawat ရဲ့နောင်ခင်ပွန်းNinနဲ့သူ့ညီChaiတို့ကတော့ နောင်တမရသည့်အပြင် Mr. Prachayaထက်ဆိုးရွားသောလုပ်ရပ်တွေကိုလုပ်ခဲ့သည်။ နောင်တဆိုတာနောင်မှရတတ်သလို မရသူတွေအတွက်၏စံမြန်းရာက အကျဥ်းထောင်ပင်ရှိခဲ့တော့သည်။

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now