Part [ 18 ]

217 19 9
                                    

မနက်ခင်းရဲ့ခပ်နွေးနွေးအလင်းရောင်လေးက ကြီးမားသောမှန်ပြင်ကြီးကနေဖောက်ထွင်းဝင်ရောက်လာသည်။ ကြီးမားသောကန်လန်ကာကြီးရှိသော်လည်း မှောင်မိုက်မှုကိုမကြိုက်သည့်သူ့အတွက်တော့ ထိုကန်လန်ကာကြီးကဘေးရောက်နေသည့်အရာတစ်ခုဖြစ်နေသည်။ kristအိပ်ရာပေါ်ကထပြီးမီးဖိုချောင်ကိုဝင်သွားသည်။ ကော်ဖီပူပူလေးတစ်ခွက်ကိုင်၍ထွက်လာသူသည်အရှေ့ရှိမှန်ပြင်ကြီးကနေမြင်နေရသည့် Singaporeနိုင်ငံ၏အလှတရားကိုခံစားနေသည်။ Singaporeနိုင်ငံရဲ့ခေတ်မီဆန်းသစ်ပုံ စည်းကမ်းကျနပုံတွေကိုသူနှစ်သက်သည်။ ဒါကြောင့်လည်းသူ့လုပ်ငန်းဖြစ်သည့် Guest houseလုပ်ငန်းကိုဒီနိုင်ငံမှာလာလုပ်ဖြစ်ခြင်း။ စည်းစိမ်တွေအကုန်Ninဆိုသည့်သူရသွားသည်တောင် krist'mae Pan Perawatဆိုသူ၏ထက်မြက်မှု အကွက်ကျကျလုပ်ဆောင်မှုတွေကြောင့် Guest houseလုပ်ငန်းကိုkristပိုင်ဆိုင်ခဲ့သည်။ လုပ်ငန်းရေးရာဘက်တွင်Tayကိုဦးစီးခိုင်းပြီးkristကတော့Constructionပိုင်းနှင့် Decoration ပိုင်းကိုတာဝန်ယူခဲ့သည်။ သည်နိုင်ငံမှာguest houseဆောက်ရန်မြေနေရာလာကြည့်ခြင်းဖြစ်သည်။ သူလိုချင်သည့်မြေအနေအထားကိုတော့တွေ့ပြီးပြီ အရောင်းအဝယ်လုပ်ရန်သာကျန်တော့သည့်အတွက် kristပြင်ဆင်နေသည်။ kristယနေ့ချိန်းဆိုထားသည်ကိုသွားတွေ့ရန်suitတွေ necktieတွေနှင့်မဟုတ်ဘဲ ရိုးရိုးစင်းစင်းshirtလေးသာဝတ်ထားသည်။ အရင်လိုပြည့်ပြည့်ဖြိုးဖြိုးမဟုတ်သော်လည်း တစ်မျိုးတစ်မည်ဆွဲဆောင်မှုရှိနေပြန်သေးသည်မှာ kristရဲ့ကံကောင်းမှုပဲလား။
Krist ဟိုတယ်အခန်းတံခါးကိုပိတ်၍ထွက်လာသည်။ ထိုအချိန်krist၏ဖုန်းမှvibrateဖြစ်လာ၍ဖုန်းကိုကိုင်လိုက်သည်။

"Hello..."

"Hello...Nongရောက်ပြီလား"

"Oh! P'New ဘယ်အချိန်တောင်ရှိပြီလဲ ရောက်ပြီပေါ့ နာရီလေးဘာလေးကြည့်အုံး"

"ဟီး ဟီး ဟုတ်သားပဲ"

"သူကကြောင်နေတာkristရေ အမူးလွန်ပြီးတော့...

ဟေ့မင်းဘာတွေလျှောက်ပြောနေတာလဲ

မဟုတ်လို့လား"

Tayနဲ့ Newဖုန်းပြောရင်းတောင်ရန်ဖြစ်နေသည်ကို kristပြုံးပြုံးကြီးသာနားထောင်နေသည်။ ထို့နောက်ဖုန်းကTayဆီရောက်သွားသည်ထင်

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now