Part [ 1 ]

1.1K 33 2
                                    

Unicode

"Kit Kit Kitလေးရေ maeဆီလာပါအုံး မွှေးမွှေးပေးချင်လို့"

"ဟုတ်ကဲ့လာပါပြီဗျ"

"အူး မွ maeရဲ့သားလေးကဒီအရွယ်တောင်ရောက်လာပြီပဲ"

"သားကဒီအရွယ်ရောက်လာပေမယ့် သားကmaeရဲ့သားသေးသေးလေးပဲရှိသေးတာနော်"

"ဒီအရွယ်တောင်ရောက်ပြီချွဲကောင်းတုံးနော် Kitတို့ကတော့"

"ဟာPorကလည်း သားကခုမှကလေးပဲရှိသေးတာကို"

"ဟွန့် လူကဖြင့်တက္ကသိုလ်တက်နေပြီ Maeနဲ့Porကို ဘယ်လိုညာစားရမလည်းသိပါ့"

"ဟာ အာ့ဆို Porကသားကိုမချစ်ဘူးပေါ့" နှုတ်ခမ်းတဆူဆူဖြင့် krist perawatဆိုသည့်တက္ကသိုလ်ကျောင်းသားတစ်ယောက်။

"မဟုတ်ပါဘူးဗျာ ကျွန်တော်မျိုးကြီးက အကိုတော်လေးkrist ကို အရမ်းချစ်ပါတယ်ဗျ လာပါအုံးကိုယ့်ရဲ့အသဲတုံးကြီးနဲ့အသည်းတုံးလေး အူး မွ အူး မွ"

မိသားစု၃ယောက်စလုံးသံပြိုင်ရယ်မိကြသည်။

မိသားစု၏ချိုမြိန်ခြင်းအရသာတွေက ဘယ်အရာနှင့်မှလဲလှယ်ရသည့်အရာတွေမှမဟုတ်ဘဲ။

စိမ်းစိုနေသောမြက်ခင်းပြင်ပေါ်မှာ လေပြေလေညင်းလေးတွေရဲ့ကျီစယ်မှုကြောင့် ယိမ်းနွဲ့ကနေကြတဲ့အရောင်အသွေးမျိုးစုံပန်းလေးတွေ သံစဉ်ပမာစည်းချက်ညီညီနားထဲပဲ့တင်ထပ်နေတဲ့မိသားစု၃ယောက်ရဲ့ရယ်သံလွင့်လွင့်တွေ

ထိုစဉ်နားထဲသံရည်ပူပမာဝင်လာသောအသံ
"Krist perawat"
ချိုမြိန်နေသည့်အိမ်မက်လေးကပျက်စီးသွားပြီ။

"Krist kristထတော့ ကျောင်းသွားရမယ်မလား အမြန်လုပ် ငါမအားဘူးမင်းအမေကြောင့်မို့ငါလိုက်ပို့တာ လမ်းထိပ်ရောက်မှမင်းဘာသာမလိုက်ချင်မလိုက်နဲ့"

အလိုမကျမှုများစွာပါဝင်နေသည့်အသံတို့ကိုလျစ်လျူရှု၍ သူ့အိမ်မက်ကိုဆက်မက်ချင်သေးသည်။

"ခဏလေးပါ ခဏလေးပဲ"

"ငါ့ကိုလာမချွဲနဲ့အရင်ကမင်းporမဟုတ်ဘူး သေချာကြည့်။ သွားမြန်မြန် မနက်စောစောကျက်သရေတုံးတယ်"

နှလုံးသား၌တည်စေသော်{နှလုံးသား၌တည်စေသော်}Where stories live. Discover now