" Tae... Tae ထားမသွားနဲ့နော် Hyung ကို မထားခဲ့ပါနဲ့... "
" Hoba. ..Hoba.. မင်းသတိရပြီလား "
ဘေးနားက ခေါ်သံသဲ့သဲ့ကြောင့် လေးလန်နေတဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ဘေးမှာ Namjoon နဲ့ Jin Hyung ကျွန်တော်ဘယ်ရောက်နေတာလဲ
" အင်း...ဒါနဲ့ ငါဘယ်ရောက်နေတာလဲ Namjoon"
" ဆေးရုံရောက်နေတာ မင်းသတိမေ့နေတာ ၂ ရက်ရှိပြီ"
" ဟုတ်တယ် Hoseok ရေ မင်းက Hyung တို့ကို့မပြောပဲ ပြန်သွားလို့ စိတ်ပူပြီးလိုက်လာတာ
ဒီရောက်တော့မင်းက မင်းအဖေအုတ်ဂူသွားတယ်ဆိုတော့ ငါတို့မင်းဆီလိုက်လာတော့ မင်းမိုးရွာထဲကြီးမှာ လဲနေတာတွေ့ပြီး ဆေးရုံခေါ်လာတာပဲ "
အော် appa ကိုသွားတွေ့ရင်း မိုးရွာထဲမှာ အကြာကြီးမေ့နေခဲ့တာပဲ ဘာလို့တစ်ခါတည်းသေမသွားရတာလဲ appa နဲ့ omma က သားကို မခေါ်သွားရတာလဲ အခုချိန်မှာ အသက်ဆက်ရှင်စိတ်မရှိတော့ဘူး ဒီအခြေအနေမှာ ကျွန်တော်ဘယ်လိုဖြတ်သန်းရမှာလဲ
" တော်သေးတာပေါ့ Hoba ရာ ငါတို့ ရောက်လာလို့ပေါ့ မဟုတ်ရင် မလွယ်ဘူး "
" Namjoon ငါဘာလို့ သေမသွားတာလဲ မသိဘူး "
" Hoba ...Hoseok.. "
Namjoonနဲ့ Jin Hyung နှစ်ယောက်လုံးဆီမ တစ်ပြိုင်တည်းထွက်လာတဲ့ အသံ
" ငါ့ဘဝမှာ ဘာမမရှိတော့ဘူး အခု လောကကြီးမှာ ငါတစ်ယောက်ပဲကျန်တော့တာ အကုန် ငါ့ ကိုထားခဲ့ကြတာ "
ရှိုက်ကြီးတငင်ငိုနေတဲ့ ကျွန်တော့် ခန္ဓာကိုယ်လေးကို Namjoon နဲ့ Jin Hyung က တင်းကျပ်အောင်ဖတ်ထားရင်း
" Hoba မင်းဘာမ မရှိတော့ဘူးလို့ မပြောပါနဲ့ ငါတို့ရှိပါသေးတယ်ကွာ မင်းကငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ ငါတို့က မင်းကိုဘယ်တော့မထားသွားဘူး "
" ဟုတ်တာပေါ့ Hyung ကလည်း မင်းရှေ့ကနေ အမြဲရပ်တည်ပေးမှာပေါ့ ပြီးတော့ Hyung တို့က မိသားစုတေလေ Hoseok ဘာမအားငယ်နေစရာမလိုဘူးနော် "
တကယ်ကိုနွေးထွေးတဲ့ ခံစားမှုလေး appa နဲ့ omma ထွက်သွားတဲ့နောက်ပိုင်း ဘယ်တော့မမရနိုင်တော့ဘူးလို့ထင်ထားတဲ့ ခံစားချက်လေး အခုလို ကျွန်တော့်ကိုပြစ်မထားတဲ့အတွက်ကျေးဇူးတင်ပါတယ်