Part-5

1.3K 165 13
                                    

Hobiလည်း ထိုကိစ္စ ကိုNamjoonတို့သိရင်စိတ်မကောင်းဖြစ်မှာစိုးလို့
ဘယ်သူကိုမမပြောဘဲ ဂွမ်ဂျူ ကိုတစ်ယောက်တည်းပြန်လာခဲ့ ပေမယ့်
သူ့အတွက်သတင်းဆိုးကစောင့်ကြိုနေလေ၏

"ဗျာ .. appa ဆုံးပြီဟုတ်လား မေမေကြီး"

" အေးဟုတ်တယ် နင်လိုအသုံးမကျတဲ့သားကြောင့်
  နောက်ဆုံးခရီးကိုတောင် ပိုက်ဆံမရှိလို့အမြန်လုပ်ပေးလိုက်ရတာ "

"ဟုတ်ပါတယ် ကျွန်တော်အသုံးမကျတာပါ appa ရဲ့နောက်ဆုံးအချိန်လေးမှာတောင်ရှိမနေနိုင်ဘူး
ကျွန်တော်အဲ့လောက်ကိုအသုံးမကျတာပါ"

"ဟဲ့ အော်ကြီးဟစ်ကျယ် ငိုမနေနဲ့ ကျက်သရေမရှိဘူး နင်ငိုနေလို့လည်း နင့် appa ကပြန်မလာဘူး
နင်မရှိတုန်း အလုပ်တေပုံနေတာ အကုန်လုံးပြီးအောင်လုပ် သွားတော့"

Hobiလည်း အလုပ်တေကိုပြီးအောင်လုပ်ပြီး
appa ကိုသွားတွေ့ဖို့ ခွင့်တောင်းပြီး ထွက်လာခဲ့လိုက်သည်

"appa အခုတော့ငြိမ်းချမ်းသွားပြီပေါ့ သားလည်း
appaတို့လို လွတ်လပ်ချင်ပြီ omma ကိုတွေ့ရင်လည်း ပြောပေးပါအုံး သား ကိုအမြန်လာခေါ်လှည့်ပါတော့လို့
အရင်တုန်းကတော့ သားမှာ appa ရှိသေးတယ်စိတ်လေးနဲ့အားတင်းပြီးနေရတာ appa ရဲ့...

အခုတော့ ဘယ်သူမမရှိကြဘူးတော့ ရှေ့ဆက်ပြီးဘယ်လို ဖြတ်သန်းရမယ်ဆိုတာကို
တွေးတောင်မတွေးရဲဘူး
အခုတော့ omma နဲ့အတူတူ ကောင်းကင်ဘုံမှာကောင်းကောင်းအနားယူပါတော့နော်"

ထိုညကမိုးတေသည်းထန်စွာရွာနေပေမယ့် သူ့appa ရဲ့ အုတ်ဂူလေးဘေးမှာ ကောင်လေးတစ်ယောက်ကတော့ မိုးရေရေတေနဲ့အတူငိုကြွေးနေလေရဲ့

အရာအားလုံး အမှောင်ထုကြီးဖုံးလွမ်းသွားသလိုလဲ
ကျွန်တော်ဘာမမမြင်ရတော့ဘူး အသက်ရှူတေလည်းအရမ်းကျပ်လာသိလိုပဲ
မောတယ် ဘယ်လိုအသက်ရှူလို့မရတော့ဘူး

  *******    Flash back     *******  

ကျောင်းဝန်းထဲက တိတ်ဆိတ်ပြီးလူသူရှင်းတဲ့နေရာလေး
တစ်ခုမှာသူငယ်ချင်းကောင်လေးနှစ်ယောက် စာအတူတူလုပ်နေကြလေသည်

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now