Taehyung ကအိမ်မှာထင်တိုင်းသောင်းကျန်းပြီး
Hobi အခန်းကိုရောက်သွားလေသည်"ဒေါက် ဒေါက် "
" ခဏလေး.. လာပြီ"
တံခါးပေါက်ကိုဖွင့်လိုက်တော့Taehyungက Hobi ကိုဖတ်လိုက်သည်
"Tae ဘာဖြစ်လာတဲ့ Hyung ကိုပြောပါအုံး"
"Hyung ကျွန်တော် Hyung နဲ့အတူတူနေတော့မယ်
ခွင့်ပြုမယ်မို့လား""ဟမ် Tae အခုဘာတေဖြစ်လာခဲ့တာလဲ Hyung ကိုအေးအေးဆေးဆေးပြောပြပါအုံး "
" Hyung ကျွန်တော်တို့ကို appa တို့သဘောမတူဘူး
ဒါပေမယ့်""Hyung နားလည်ပါတယ် Hyung လိုအဆင့်နဲ့ Taeတို့လိုအဆင့်တေကအရမ်းကွာခြားလွန်းပါတယ်
Hyung မှားတာပါ ကိုယ့်အဆင့်ကို နားမလည်ဘဲ
သူဌေးသားလေးကိုချစ်ခဲ့တာကိုမှားတာပါ အစထဲက
နှစ်ယောက်စလုံး မဆုံခဲ့ရင်ကောင်းမယ်
Tae မိဘကိုစိတ်ချမ်းသာအောင်ထား Hyung
ကိုစွန့်လွှတ်ရမယ်ဆိုရင် ထားခဲ့လိုက်ပါ""Hyung ဘာတေပြောနေတာလဲ ကျွန်တော်ကHyung ကိုဘာလို့ထားခဲ့ရမှာလဲ
နောက်ဆိုအဲ့စကားကိုယောင်လို့တောင်မပြောမိစေနဲ့""Tae ရာ Hyung ကအားလုံးကောင်းဖို့အတွက်ပြောနေတာလေ "
"Hyungအဲ့ထက်ဖြေရှင်းလို့ရတဲ့နည်းတေအများကြီးပဲ ကျွန်တော်ကရော Hyung နဲ့ဝေးရင် သေသွားနိုင်တယ်ဆိုတာ မသိဘူးလား ကျွန်တော့်နဲ့ ကလေးလေး ဘက်ကိုလဲ နည်းနည်းလေးငဲ့ပေးပါအုံး
ကျွန်တော်ကတောင်အဲ့လောက်သတ္တိရှိနေတာကို Hyung ကဘာကို ကြောက်နေရတာလဲ"" Hyung ကမင်းကိုမထိခိုက်စေချင်တာပါ Taeရယ်
မင်းနာကျင်ရမယ့်အစား Hyung ပဲ နှစ်ဆပိုခံစားချင်တာပါ Hyung ကအခုတောင်
ကိုယ့်ဘာသာကိုယ်ရုန်းကန်ပြီး ကျောင်းတတ်နေရလေ""Hyung ဘဝတစ်ခုကိုတစ်ယောက်တည်း ရုန်းကန်တာထက် ကျွန်တော်တို့အတူတူ ဒိုးတူဘောင်ဖတ် ရုန်းကန်ပြီး အခက်အခဲတေကိုရင်ဆိုင်ရတာက ပိုကောင်းတယ်မဟုတ်ဘူးလား"
Hobi လည်း Taehyung ကိုဘယ်လိုမပြောရတဲ့အဆုံး မနက်မပဲ အေးအေးဆေးပြောမယ်ဆိုပြီး
သူ့အခန်းမှာပဲအိပ်ခိုင်းလိုက်လေသည်