မနေ့က လေကြောင်းလိုင်းအခြေအနေကြောင့် ဒီနေ့မပဲ
ဂီဂျွန်းရဲ့ appa က ပြန်ရောက်မှာမို့ မနက်အစောကြီးမနက်စာထချက်လိုက်သည် အိမ်အကူတေရှိပေမယ့်လည်း ကိုယ်တိုင်ပြင်ဆင်ပေးချင်တာမို့ စောစောလေးထပြီး မီးဖိုချောင်မှာပဲအချိန်ပေးလိုက်ရသည်ဂီဂျွန်းရဲ့ appa ဆိုပေမယ့် ကျွန်တော့်အတွက်
တကယ့်ကိုအဖေအရင်းတစ်ယောက်လိုပါပဲ
America မှာနေတုန်းကအစစအရာရာ
လိုအပ်တာမရှိအောင်ကူညီပေးသည်
ဒီဇိုင်းသင်တန်းတတ်ချင်တယ်ပြောတော့လည်း
ချက်ချင်းစုံစမ်းပြီး သူကိုယ်တိုင်အစအဆုံးစီစဉ်ပေးသည်ဒီကိုပြန်ရောက်တော့လည်း သူ့တို့အိမ်မှာပဲ ကျွန်တော်တို့သားအဖကိုနေခိုင်းပြီး ဒီက company မှာပဲအလုပ်ဝင်ခိုင်းသည်အဲ့လောက်ထိကျွန်တော့်အပေါ်ကောင်းပေးတဲ့ဒီမိသားစုရဲ့ကျေးဇူးတေကို ဘယ်လို
ပြန်ဆပ်ရမယ် ဆိုတာတောင်မသိတော့ပါဘူး...အခုတော့ ကျွန်တော့်ရဲ့အိပ်ပုတ်လေးကိုသွားနှိုးဖို့
အခန်းထဲကိုဝင်လာခဲ့လိုက်သည်
အိပ်ပုတ်ဆိုတဲ့အတိုင်း အိပ်နေတာများစောင်တေကို
ကန်ချထားတာကုတင်အောက်ပြုတ်ကျလို့
လူကလည်းခုတင်ကို 360 လှည့်ပြီးအိပ်ထားတဲ့ပုံပဲ
ဘယ်သူ့အကျင့်တေမှန်းကိုမသိဘူး...."ရွှတ်.... သားရေ...ပါးရဲ့အူကြူးလေးရေ
ထပါတော့ခင်ဗျ...ဒီနေ့ ဘိုးဘိုးကြီးတို့လာမှာလေ
သွားကြိုရမှာလေ...ထတော့လေနော်"သူ့ပါးလေးကိုတစ်ချက်နမ်းပြီးနှိုးလိုက်တော့ ခန္ဓာကိုယ်လေးလှုက်စိလှုက်စိနဲ့နှိုးလာသည်
" အင့်..အင်း..ဟုတ်"
ပါးစပ်ကသာ ဟုတ် လို့ပြောနေတာ လူကမျက်လုံး
အခုထိမဖွင့်သေးဘူးကွာ..." သား...ထတော့လေ မျက်လုံးကိုဖွင့်တော့
နေ့လည်မပြန်အိပ်နော် တော်ကြာ လေယာဉ်ကွင်း
သွားဖို့ နောက်ကျနေအုံးမယ် သားရဲ့ "" ပါးပါး ချီ "
" အမေလးဗျာ... အသက်တောင် ၈ နှစ်ပြည့်တော့
မှာကို ချီခိုင်းနေတာ အချွဲလေးက"" မချီချင်ရင် သားကိုကုန်းပိုးပြီးရေချိုးခန်းထဲလိုက်ပို့ပေးနော်...နော်လို့ ပါးပါး"