မနက်ခင်းရောက်တော့ လည်ပင်းနားက အသက်ရှုငွေ့နွေးနွေးလေးကြောင့် ကြည့်လိုက်တော့
ကျွန်တော့် ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်အိပ်ပျော်နေတဲ့ HyungTae POV;
Hyung ရယ် ကျွန်တော် Hyung ကိုပိုင်ဆိုင်ချင်လို့ အခုလိုမျိုးလုပ်မိတာ အတ္တကြီးသလို ဖြစ်သွားပြီထင်တယ်
စိတ်ချပါ ကျွန်တော် Hyung ကိုလက်ထပ်ဖို့ထိရည်ရွယ်ပြီး ချစ်ခဲ့တာမို့
အရာအားလုံးကိုရင်ဆိုင်မှာပါ
အဓိက ကHyung ကျွန်တော့်လက်ကိုဆွဲပြီး
ကျွန်တော့်ဘေးမှာ သတ္တိရှိရှိနေပေးဖို့ပဲ" Tae "
"Hyung နှိုးပြီးလား ပင်ပန်းရင်ပြန်အိပ်အုံးလေ
အစောကြီးရှိသေးတယ်"" Tae ညက ငါတို့ .."
" ဟုတ်တယ် Hyung ကျွန်တော် စိတ်အလိုလိုက်မိသွားတယ် ဒါပေမယ့် စိတ်မပူပါနဲ့
ကျွန်တော်က Hyung ကိုလက်ထပ်မှာလေ""Taeကိုယ်တို့ ကဘာမအဆင်
သင့်မဖြစ်သေးဘူးလေ""ဘာလို့အဆင်သင့်မဖြစ်ရမှာလဲ ကျွန်တော်ကိုအားကိုးလို့မရဘူးလို့ထင်နေလို့လား"
"မဟုတ်ပါဘူး Tae ရယ် Hyung ပြောတာက မင်းကခုမ အသက်ငယ်ငယ်လေးရှိသေးတာလေကွာ
ပြီးတော့ အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ဘာတေ
လိုအပ်လဲဆိုတာ မင်းမသိသေးဘူး Tae""Hyung ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ Hyung ဘေးမှာရှိရငျ အရာရာပြည့်စုံတယ် ကျွန်တော်
ဘာမမလိုချင်ဘူးအရာအားလုံးကိုစွန့်လွှတ်ရမယ်ဆိုလည်း
စွန့်လွှတ်ရဲတယ် ""Tae"
"Hyung ကျွန်တော်ပြောတာက အခုချက်ချင်းလက်ထပ်မှာ မဟုတ်ဘူးလေ Hyung
ကို စဥ်းစား ခွင့်ပေးမှာပါ ခုတော့ ရေချိုးပြီး ကျောင်းသွားဖို့ ပြင်တော့"Hobi လည်း ဘာမမပြောတော့ဘဲ ရေချိုးခန်းထဲဝင်သွားသည်
မနေ့ညကအိမ်ပြန် မအိပ်သောကြောင့် omma တော့ စိတ်ပူနေမှာ အသေအချာပင် Hyung နဲ့အတူရှိတာ သိသွားရင် လွယ်မှာမဟုတ်ဘူး
"Taehyung နင်မနေ့ညကဘယ်သွားနေတာလဲ
ommaရော နင့် appa ရောဘယ်လောက်စိတ်ပူနေလဲသိလား "