Extra

1.9K 150 70
                                    

Seoul မြို့ရဲ့တရားရုံးတစ်ခုမှာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်လောက်က Kim မျိုးနွယ်ရဲ့အငယ်ဆုံးသမီးသတ်ခံရသည့်အမှုအပြင် တစ်ခြားဒုစရိုက်မှုများ
တရားမဝင်မလုပ်ငန်းများလုပ်ကိုင်ခြင်းကြောင့်
ဂင်ဆူဂိူ နဲ့ ကင်မင်ဂျူး တို့ကိုတရားစွဲဆိုထားတာမို့
ဒီနေ့ကနောက်ဆုံးစီရင်ချက်ချမည့်
နေ့ဖြစ်တာကြောင့်အားလုံးစိတ်ဝင်စားနေကြသည်
Kim မျိုးနွယ်ရဲ့ TY လုပ်ငန်းစုက
Seoul မြို့ရဲ့ထိပ်တန်း Company
တစ်ခုဖြစ်တာမို့ Media များအားလုံးကလည်း
သတင်းယူဖို့အတွက်တရားရုံးရှေ့တွင်
အသင့်စောင့်ဆိုင်းနေကြသည်

တရားစီရင်ချက်ဖို့ တရားသူကြီးစဉ်းစားနေတဲ့
အချိန်ခဏမှာ တရားသူကြီးရဲ့အဆုံးအဖြတ်ကို
ရင်တုန်နေသည့် ကျွန်တော့်ကို hyung က
ဘေးနားကနေလက်လေးကိုင်ပြီးစိတ်လျော့ထားဖို့
ပြောနေသည်

ငယ်ငယ်ထဲကကိုယ့်အမေလို့ပါလို့သိထားခဲ့ရပြီး
ကိုယ့်ကိုသူများသားသမီးတေတန်းတူချစ်ပေးခဲ့တဲ့
သူမို့ အခုလိုအခြေအနေမျိုးကို ကျွန်တော်
မဖြစ်စေချင်တာအမှန်ပါ ဒါပေမယ့် တရားဥပဒေရဲ့
အဆုံးအမကိုတော့ဘယ်သူမလွန်ဆန်နိုင်မှာ
မဟုတ်ဘူးလေ ပြီးတော့ ကျွန်တော့်အမေအရင်းပေါ်မှာ
တာဝန်ကျေချင်တယ် အဘိုးရဲ့ဆန္ဒကလည်း
သူ့သမီးငယ်သေဆုံးတဲ့အမှုကိုအရမ်းဖော်ထုတ်ချင်ခဲ့တာ မတရားခံရသူအတွက် အမှန်တရားဆိုတာ
ရှိသင့်တယ်မို့လား အဲဒါကြောင့်
သား တောင်းပန်ပါတယ် တီလေးမေ....


" ဒုန်း..အမိန့်ချမယ်"

တရားရုံးအတွင်းကလူအများအားလုံတရားလူကြီးရဲ့
အမိန့်ကိုစိတ်ဝင်တစားနားစိုက်ထောင်နေကြသည်

" အမိန့်...တရားခံ ဂင်ဆူဂိုနဲ့ကင်မင်ဂျူး နှစ်ဦးလုံးသည် လွန်ခဲ့တဲ့ အနှစ် 20 ကျော်က လူသတ်မှု
ကျူးလွန်းထားသည့်အပြင် ယခုလက်ရှိတွင်လည်း
တရားမဝင်အလုပ်များလုပ်ကိုင်လျှာက်ရှိကြောင်း
သက်သေခိုင်လှုံပါသဖြင့် တစ်ဦးလျှင်
ထောင်ဒဏ် အနှစ်( ၂၀ ) စီ ကျခံရန်
ရုံးတော်ကအမိန့်ချလိုက်သည်...ဒုန်း..ဒုန်း..ဒုန်း..."

ချစ်ခြင်းတရားဖြင့်ချည်နှောင်သော ( Completed )Where stories live. Discover now