Hoseok
ကျွန်တော်ဆိုသည်မှာလည်း ချုချာလိုက်တဲ့
ကျန်းမားရေး တစ်ပတ်ထဲကိုဆေးရုံကိုနှစ်ခါတတ်လိုက်ရသည် ရုံးမသွားရသည်မှာလည်းတစ်ပတ်လောက်ရှိတော့မည် ကြာတော့ ကိုယ့်ကိုယ်တောင်အားမရဘူး
ဒါပေမယ့် ဗိုက်ထဲကပူတူးလေးကြောင့် အားရှိအောင်နေရမှာပဲလေ ကျွန်တော်ရဲ့အားဆေးလေး ဒီနှောင်ကြိုးလေးသာမရှိခဲ့ရင် ကျွန်တော့်ဘဝကြီးကိုအဆုံးသတ်ပစ်လိုက်တာကြာပြီပေါ့...." Hoba ဒီနေ့လည်း အလုပ်မသွားနဲ့အုံးနော်"
" ရပါတယ်..ငါ.."
" တော်တော့ hoseok လူကိုလည်းကြည့်အုံး
မနေ့ကမ Drip တစ်ပုလင်းချိတ်ထားလို့နည်းနည်းသက်သာလာကို ဒီပုံစံနဲ့ အလုပ်သွားကချင်သေးတာ"" ဒါပေမယ့်..."
" ဘာလဲ company ကမင်းအလုပ်မဆင်းရင်
ဒေဝါလီခံရမှာမို့လို့လား ဟမ်...အလုပ်သွားရဲ
သွားကြည့် ငါကိုယ်တိုင်ရုံးကိုလာပြီးတော့ Taehyung ကို အကုန်ပြောပစ်မယ် "" ဟုတ်ကဲ့ပါ hyung ရယ်...ကျွန်တော်ဒီနေ့တော့မသွားတော့ပါဘူး"
" အေး..အိမ်မှာနေလဲအေးအေးဆေးဆေးနေနော်
ပန်းကန်လေးဆေးလိုက် အဝတ်လေးလျှော်လိုက် ပေါက်ကရတေလုပ်မနေနဲ့ နေ့လည်စာလည်း အကုန်ချက်ခဲ့ပြီ joon လာ...သွားမယ် "" ဟုတ်ကဲ့ hyung..."
jin hyung က ကျွန်တော်ဆူပြီး ထွက်သွားတော့
ဟိုသကောင့်သား namjoon က လျှာထုပ်ပြီးပြောင်ပြသွားသေးတယ် တော်တော်လိုက်လဲလိုက်တဲ့အတွဲ...jin hyung ကဘာမမလုပ်ဖို့မှာသွားတာမို့ အခန်းထဲဝင်ပြီးခဏလောက်အိပ်လိုက်သည်
" ring...ring.."
အိပ်မလို့အိပ်ရာပေါ်လှဲနေတုန်း ရုတ်တရက်ဖုန်းဝင်လာသည်မို့ contact name ကိုကြည့်လိုက်တော့
Taehyung..." Hello "
" ဖုန်းခေါ်တာကြာနေပြီ ဘာလုပ်နေတာလဲ"
" ဖုန်းကအားသွင်းထားလို့ပါ"
" ဆင်ခြေတေအရမ်းများတာပဲနော် ဒါနဲ့ ခင်ဗျားရုံးကလာအုံးမှာလား မလာတော့ဘူးဆိုရင် အဘိုးကိုပြောပြီး အလုပ်ထွက်လိုက်တော့...."