Hoseok
ကျွန်တော်တကယ်တော့ သူနဲ့တွေ့ရမှာနည်းနည်းလေး
တော့ စိတ်လှုက်ရှားမိတယ် အဲ့တာကလည်းသူ့ကို
တွေ့ရမှာကြောက်နေမိတာမျိုးမဟုတ်ဘဲ
ကျွန်တော်ထွက်သွားတဲ့ နောက်ပိုင်း ၅နှစ်လုံးလုံး
သူဘယ်လိုရှင်သန်ခဲ့ဆိုတာအရမ်းကိုစိတ်ဝင်စားမိသည်ကျွန်တော်ဒီကိုရောက်ရောက်ချင်း သူ့သတင်းကို
အနည်းအကျဉ်းစုံစမ်းကြည့်လိုက်တော့
သူ့ appa ကလည်းနောက်မိန်းမယူသွားသည်တဲ့
သူ့omma ကျတော့လည်း လောင်ကစားလောကမှာပဲကျင်လည်နေတယ်ဆိုပဲ ပြီးတော့လေ ကျွန်တော်
မထင်ထားတာတစ်ခုကိုလည်းသိခဲ့ရတယ်
ဂင်ယောင်မင်းရဲ့ကလေးကသူ့ကလေးမဟုတ်ဘူးဆိုတာကိုပဲ ဘာလို့အရမ်းထက်မြက်ပြီး တော်တဲ့သူက
ဒီကိစ္စကိုလိမ်ခံရတယ်ဆိုတော့ ကျွန်တော်အရမ်းအံ့သြခဲ့ရတာ.....အခုလောက်ဆို သူအမှားတေကိုလည်းသိပြီး
နောင်တရနေမလားဆိုတာသိချင်တယ်
ဒေါ်လေးကတော့သေချာပေါက် ကျွန်တော့်အကြောင်းတေကိုပြောမှာပဲ အခုချိန် မင်းဘယ်လိုပုံစံရှိနေလဲ
ဆိုတာကို ငါအရမ်းတွေ့ချင်နေပြီ
Kim Taehyung ......"Boss ကဝင်လို့ရပါပြီတဲ့ ခင်ဗျ"
ကျွန်တော်လည်းသူ့မန်နေဂျာကောင်လေးကအခန်းထဲဝင်လို့ရပြီဆိုတဲ့ အကြောင်းကိုလာပြောတာမို့
ချိန်းထားတဲ့အခန်းထဲကိုဝင်လာခဲ့လိုက်ပြီး
ကျွန်တော်ရှေ့မှာရပ်နေတဲ့ကိုနှုတ်ဆက်လိုက်သည်" ကျွန်တော့်ကိုတွေ့ခွင့်ပေးလို့ ဝမ်းသာပါတယ်
Kim Taehyung shi...
ကျွန်တော်က Sunshie company ရဲ့
ဒီဇိုင်းပညာရှင် Jung Hoseok ပါ "ကျွန်တော်ကမ်းပေးတဲ့လက်ကို ပြန်နှုတ်ဆက်ဖို့မေ့နေသည်ထိ သူ ကျွန်တော့်ကိုကြည့်နေသည်
တကယ်သူ့ပုံစံက ပြောင်းလဲသွားခဲ့တာပဲ အရင်က
ခတ်ထန်မာကျောတဲ့ပုံစံမျိုးမဟုတ်ဘဲ တစ်ခုခုကို
မျှော်လင့်နေသလိုမျိုးပဲ တကယ်ဆို သူအရမ်းပိန်သွားတယ် မရိတ်ဘဲပြစ်ထားတဲ့ နှုတ်ခမ်းနဲ့မေးအောက်က
မှုတ်ဆိတ်မွှေးတေကအထင်သားပဲ မသိရင်
ဆေးရုံမှာဆေးအကြာကြီးကုခဲ့ရတဲ့လူနာတစ်ယောက်လိုပုံစံမျိုးဖြစ်နေသည် ဘာပဲတေဖြစ်ခဲ့ဖြစ်ခဲ့
ငါမင်းကိုဘယ်တော့မခွင့်လွှတ်မှာမဟုတ်ဘူး....