ပြာလဲ့လဲ့ကောင်းကင်ကြီးအောက်မှာရှိတဲ့
အဝါရောင်လွမ်းနေတဲ့ နေကြာပန်းခင်းကြီးတစ်ခုထဲမှာ
Tae က ကျွန်တော့်လက်လေးကိုဆွဲပြီး နှစ်ယောက်အတူတူလမ်းလျှောက်နေကြသည်ပူတူးလေးကတော့ဗိုက်ထဲမှာရှိသေးသည်မို့
Tae က ကျွန်တော့်ဗိုက်နားလေးကပ်ပြီး ပူတူးလေးကို အနမ်းတေပေးနေရင်း အရမ်းတေပျော်နေသည်
Tae ကျွန်တော့်ကိုကြည့်နေတဲ့အကြည့်တေကလည်း အရင်ကလို ခတ်ထန်မနေဘဲ အရမ်းကိုနူးညံ့လွန်းနေသည်" Hyung ကျွန်တော် hyung ကိုအရမ်းချစ်တယ်ဆိုတာသိထားပေးနော် အရင်ကဖြစ်ခဲ့တာတေအတွက်လည်း Tae တောင်းပန်တယ်ပါတယ် ရှေ့ဆက်ပြီး hyung အမြဲပျော်ရွှင်ရတော့မှာပါ
hyung ကျွန်တော် hyung အနားမှာရှိမနေနိုင်ခဲ့ရင် ဘာမစိတ်အားငယ်စရာမလိုဘူးနော်
hyung ဗိုက်ထဲက ကျွန်တော်တို့ရဲ့ကလေးလေးကို အများကြီးဂရုစိုက်ပေးပါစိတ်ဓာက်သန်မာတဲ့ hyung က အရာရာကိုကျော်ဖြတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်
အခု hyung သိထားရမှာက ကျွန်တော် hyung ကိုသိပ်ချစ်တယ်ဆိုတာကိုပဲနော် hyung
ကျွန်တော်အချိန်မရတော့ဘူးထင်တယ် hyung
အမြဲပျော်နေပေးနော် ကျွန်တော်ရဲ့hyung "Tae က ကျွန်တော့်နဖူလေးကိုခပ်ဖွဖွလေးနမ်းပြီးတော့ ကျွန်တော့်ရှေ့ကပျောက်ကွယ်သွားသည်
" Tae...Tae မင်းဘယ်မှာလဲ hyung ကို
တစ်ယောက်ထဲမထားခဲ့ပါနဲ့ Tae...ဘယ်မှာလဲ hyung ကိုစနေတာမို့လား hyung ကလေ မင်းဘာပဲလုပ်လုပ်ခွင့်လွှတ်ပေးမှာမို့ hyung ဆီပြန်လာခဲ့ပါ Tae လေးရယ် ပူတူလေးကို hyung တို့တူတူ
ပြုစုပျိုးထောင်ပေးရအုံးမှာလေ Tae ရဲ့
hyung ကြောက်လို့ပါ hyung ကို မထားခဲ့ပါနဲ့
Tae..Tae ပြန်ခဲ့လာပါကွာ...Tae!!!"" ဟယ်..သားလေး သတိရပြီတဲ့နဲ့တူတယ် "
" Hoba..hoba သတိရလာပြီလား "
" အင့်..namjoon yar ငါ့ကိုလေ..tae က...
ထားသွားပြီထင်တယ် "" မဟုတ်ပါဘူး hoba ရယ် Taehyung က မင်းကိုမထားခဲ့ပါဘူးကွာ ငါပြောတာယုံနော်
မင်းစိတ်ကိုလျော့ထားပါအုံး ငါ ဆရာဝန်သွားခေါ်လိုက်အုံးမယ် "