-9-

113 15 3
                                    

Unicode

~မိုက်ရူးရဲဆန်ခြင်းဆိုတာ
ဒါမျိုးလားချစ်သော?
"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းနဲ့တင်
စည်းတွေ၊ဘောင်တွေ
ချိုးဖျက်ပစ်လိုက်ဖို့ မဆိုင်းမတွ ဆုံးဖြတ်ရဲတာမျိုးလေ~

DKS P.O.V

ဒီနေ့ ဦးဆေးရုံကဆင်းရမှာမို့
ပစ္စည်းတွေသိမ်းရင်းဗျာများနေမိသည်။

"သည်းငယ်"

သူ့ကိုရည်ညွှန်းတဲ့ နာမ်စား‌လေးကို
တိုးလျှလျှခေါ်ရင်း အနောက်ကနေ သိမ်းကျုံးဖက်ထားသည်မို့...လှုပ်ရှားနေတဲ့လက်တွေပါ ရပ်တန့်သွားရပြီ။

တံခါးချက်ချထားမိတာ ကံကောင်းသည်ပြောရမည်။

နို့မို့ဆို သူတို့နှစ်ယောက်ကို တစ်ယောက်ယောက်မြင်သွားနိုင်သည်မဟုတ်လား...

ထွေးဖက်ထားတဲ့လက်တွေကြား အလိုက်သင့်ငြိမ်ပေးမိတော့
လည်တိုင်ပေါ်ကျရောက်လာတဲ့
အနမ်းတစ်ပွင့်...

ဖွဖွလေးတို့ထိပြီးပြန်ခွာသွားသည်။

နောက်တော့ သူ့ဆံပင်တွေကို
ခပ်ဖွဖွမွှေးကြူလာ၏။

ဖြစ်နိုင်ရင်ဒီလူသားရဲ့
ထွေးပွေ့ဂရုစိုက်မှုတွေအကုန်
သူတစ်ယောက်ထဲပဲ အပိုင်လိုချင်မိတာ

ဒါပေမယ့်လည်းမဖြစ်နိုင်သေးဘူးမလား...

"ဦး ဖယ်ပေးဦး။ ကျွန်တော်သိမ်းစရာတွေကျန်သေးတယ်"

တင်းကျပ်လာတဲ့ဝဲဘက်ရင်အုံကို မသိကျေးကျွန်ပြုကာ စကားစမိတော့
တစ်ကိုယ်လုံးဆွဲလှည့်ခံရခြင်းနဲ့အတူ
သူ့နှုတ်ခမ်းတစ်စုံဟာ နှုတ်ခမ်းထူထူ
တွေနဲ့ထပ်တူကျသွားခဲ့ရပြီ။

သူမှင်သက်နေမိတဲ့တစ်ခဏ
ကပ်ထားတဲ့နှုတ်ခမ်းတွေကို
ပြန်ခွာသွားပြီး သူ့ကိုရင်ခွင်ထဲဆွဲသွင်းရင်း ကျောပြင်ကိုပါ ခပ်ဖွဖွပွတ်ပေးလာသည်။

"အရမ်းချစ်တာပဲ သည်းငယ်ရယ်"

လွမ်းမောစွာပြောလာတဲ့ စကားသံတွေအောက် သူရူးခါရတာ အကြိမ်ကြိမ်အခါခါ။

တဒိတ်ဒိတ်ခုန်လာတဲ့ ရင်ခုန်သံတွေနဲ့အတူ သူဒီအခိုက်အတန့်လေးကို ကုန်ဆုံးသွားမှာတောင် ကြောက်နေမိတာ။

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now