-4-

578 113 18
                                    

Unicode

•°နေမင်းကြီးထွန်းလင်းဖို့အတွက် လမင်းကြီး ငုပ်လျှိုးပေးရတယ်...
လမင်းကြီးသာဖို့အတွက် နေမင်းကြီး ပျောက်ကွယ်ပေးရတယ်...
တစ်ဦးတစ်ယောက်ပျော်ရွှင်ဖို့အတွက် တစ်စုံတစ်ယောက်က နာကျင်မှုတွေ ခါးစည်းခံပေးရမြဲတဲ့ ဒါဟာဘယ်တော့မှမပြောင်းလဲတဲ့
လောကနိယာမ•°

~•~•☆•~•~

"Appa ပြီးသေးဝူးလား!"

"Omma ညန်ညန်ရုတ်ပါဆို"

ရေချိုးခန်းထဲက ထွက်လျှင်ထွက်ခြင်း ကြားလိုက်ရတဲ့ Taeoh လေးရဲ့ အော်သံစူးစူး...

*ဒုန်း...ဒုန်း...ဒုန်း*

"Hyung မပြီးတေးဝူးလား!"

*ဒုန်း...ဒုန်း...ဒုန်း*

"Hyung ညန်ညန်ရုတ်ရေ..Hyung!"

အခန်းတံခါးကို တဒုန်းဒုန်းထုသံနှင့်အတူ ထွက်ပေါ်လာတဲ့ အသံစူးစူးကြောင့် တံခါးဆီသို့အပြေးအလွားသွားလိုက်မိတယ်!~

*ဂျလောက်*

"Taeoh ahh! ဘာလို့တံခါးကို ထုနေတာလည်းသားရဲ့??
ဟောဒီ လက်ကလေးတွေ နာသွားမှာပေါ့...."

Taeoh လေးရဲ့ လက်ကလေးတွေ နာသွားမှာစိုး၍ တံခါးကိုခပ်မြန်မြန်ဖွင့်ကာ
ဒူးထောက်ထိုင်ချလိုက်ပြီး... တံခါးကိုထပ်ထုရန်ပြင်နေသော လက်ဖောင်းဖောင်းတုတ်တုတ်လေး ၂ဖက်ကို လက်ဖြင့်ဆုပ်ကိုင်လို့ အာငွေ့ပေးရင်း စကားဆိုမိတော့...

ကျွန်တော့်လက်ကြားထဲမြုပ်နေသော သူ့လက်ကလေးကို အတင်းရုန်းထွက်ကာ နှုတ်ခမ်းပိစိလေးကို ဆူလို့ မကျေနပ်ကြောင်း ပြောလာတယ်!

"Hyung ရာ..ဘာမှလည်းအဆင်သင့် မဖြစ်သေးဖူး! ဒီနေ့ Disney Land တွားမယ်လို့ ကြိုပြောထားတာကြီးကို!"

"Hyung မလိုက်တော့ပါဘူး
Taeoh ရယ်... Taeoh တို့ပဲ ပျော်ခဲ့ကြနော်.."

ခြေထောက်ကလေးကိုဆောင့်ကာဆောင့်ကာနှင့် နှုတ်ခမ်းဆူပြီး မပီကလာပီကလာနဲ့
ပြောနေတဲ့ Taeoh လေးရဲ့ ဆံပင်လေးတွေကိုလက်နဲ့တစ်ချက်ဆွဲဖွလိုက်ပြီး မလိုက်တော့ဘူးဆိုတဲ့အကြောင်းကို ချော့ပြောပြီးငြင်းလိုက်မိတယ်!

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now