-8-

62 15 8
                                    

Unicode

~အကြောင်းအမျိုးမျိုးကြောင့်
ဝေးခဲ့ရပေမယ့်...
ကိုယ့်နှလုံးသားရဲ့
ဟိုးအနက်ရှိုင်းဆုံးမှာ
မင်းတစ်ယောက်ထဲပဲ
အမြစ်တွယ်နေခဲ့တာ~

KJI P.O.V

ပန်းပွင့်ကြွေတွေ...
လေအဝှေ့မှာခေါင်းပေါ်တဖွားဖွားကြွေကျလာတဲ့ ပွင့်ဖတ်ငယ်တွေကို
သူလက်နဲ့ခံထားမိသည်...

တစ်ဖတ်...နှစ်ဖတ်...

လက်ဖ‌ဝါးပေါ်ကျလာတဲ့
ပွင့်ဖတ်‌တွေကိုရေတွက်ရင်း....
ဘေးဘီဝဲယာကိုငေးကြည့်မိသည်။

သူဘယ်ရောက်နေတာလဲ?

"အော်...သည်းငယ်နဲ့လာနေကျ
ချယ်ရီပင်တန်းရှည်အောက်မှာပဲ"

သူတီးတိုးရေရွတ်ရင်း
အရှေ့ကိုမျှော်ငေးမိတော့
မြင်လိုက်ရသည်က ခုံတန်းရှည်ပေါ်
ထိုင်နေတဲ့ ဖြူလွှလွှအရိပ်ကလေး...

သူခပ်သွက်သွက်လျှောက်သွားမိသည်။

ရင်းနှီးနေကျကျောပြင်ငယ်မို့
ဘယ်သူမှန်းသူအတတ်သိသည်။

"သည်းငယ်"

မလှမ်းမကမ်းရောက်ပြီမို့ မြတ်နိုးရတဲ့နာမ်စားလေးကိုခပ်ဖွဖွခေါ်မိတော့ ကျောပေးထားတဲ့အကောင်ငယ်လေးဟာ ဖြည်းညှင်းစွာလှည့်ကြည့်လာလေရဲ့...

ငိုနေတာ?

ချစ်ရတဲ့မျက်၀န်းဝိုင်းတွေမှာ
တွဲလွဲခိုနေတဲ့မျက်ရည်ကြည်တွေဟာ
သူ့ရင်ကိုအစိမ်းလိုက်ခွဲသည်...

ကပျာကယာအနားကပ်သွားမည်အလုပ် ကြားလိုက်ရတဲ့စကားလုံး‌တွေဟာ နားထဲကိုသံရည်ပူလောင်းထည့်သည့်နှယ်....

"ဦးကိုအရမ်းမုန်းတယ်။"

နာနာကျင်ကျင်ပြောပြီး လှစ်ခနဲပြေးထွက်သွားတဲ့ကောင်ငယ်လေးနောက် သူအပြေးအလွှားလိုက်ရပြန်ပြီ။

"သည်းငယ်"

"သည်းငယ်"

"သည်းငယ်"

သူဘယ်လောက်ခေါ်ခေါ်လှည့်ကြည့်မလာတော့...

တရစပ်ပြေးထွက်သွားလိုက်တာများ
သူ့မြင်ကွင်းထဲကနေပျောက်ကွယ်သွားသည်အထိ...

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now