-6-

314 61 46
                                    

Unicode

~•ဘဝမှာနောင်တအရဆုံးကိစ္စကို
ပြောပြပါဆိုရင်
"ခင်ဗျားကိုချစ်ခဲ့မိခြင်း" ဆိုတာကိုပဲ လက်ညှိုးထိုးပြမိလိမ့်မယ်ထင်တယ်။
အင်း...ကျွန်တော်တက့ယ်ကို စိတ်နာပစ်လိုက်ချင်ပြီခင်ဗျားရယ်•~

~.~.~●~.~.~

Disney Land က ပြန်လာတဲ့နေ့ကတည်းက ကျွန်တော် ဦးကိုသိသိသာသာ သတိထားရှောင်နေဖြစ်သည်...

စကားပြောဖို့နေနေသာသာ မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်တောင် ခေါင်းငုံ့ကာအကြည့်ချင်းမဆုံမိအောင်အထိ ကြိုးစားထိန်းချုပ်ခဲ့သည်...

အခုလည်း အတင်းကျောင်းလိုက်ပို့မည် လုပ်သည်မို့ ငြင်းမရမယ့်အတူတူ ကားပေါ်၌ငြိမ်သက်စွာလိုက်ပါလာမိသည်..

ကားမှန်ချထားသည်မို့ တဝူးဝူးတိုက်ခတ်နေသော လေပြည်နုနုတို့က စိတ်အာရုံလန်းဆန်းစေ၏...

"သည်းငယ်~"

ကျောင်းရှေ့ရောက်ပြီမို့ကားတံခါးကို ခပ်သွက်သွက်ဖွင့်ကာ ကားပေါ်ကဆင်းမည်အပြု
လက်ကိုလှမ်းဆွဲကာကျွန်တော့်နာမည်ကို အသံရှည်စွဲပြီးခေါ်လာလေတဲ့ ဦး ၏အသံမှာ ဖျော့တော့စွာ....

"ကိုယ့်ကိုစိတ်ဆိုးနေတာလား.."

ဦး ကိုကျောပေးထားရမှ အနောက်ကိုလှည့်ကြည့်လာတဲ့ ကျွန်တော့်မျက်နှာကို ခပ်ဆွေးဆွေးလေးကြည့်ကာ မေးခွန်းထုတ်လာသည်မို့ အမှတ်မရှိတဲ့နှလုံးသားငယ်ဟာ ဆူးနင့်စွာအောင့်သည်...

~ခင်ဗျားမျက်ဝန်းထဲက မျက်ရည်အစအနတွေဟာ ကျွန်တော့်ရင်ကိုအစိမ်းလိုက်ခွဲနေသလိုပဲ သိပ်ကိုမှနာကျင်လိုက်တာ~

"စိတ်ဆိုးရမယ်?? Hak! ဘာအတွက်လည်း?
စိတ်ဆိုးစိတ်ကောက်ရအောင် ကျွန်တော်တို့က အရင်လိုချစ်သူတွေမှမဟုတ်ကြပဲ~
ကျွန်တော်ကဘာအတွက်နဲ့ စိတ်ဆိုးရမှာလဲ?ဟမ်?"

တင်းကြပ်လာသည့်ဝဲဘက်ရင်အုံကို မသိကျိုးကျွန်ပြုကာ စကားလုံးကြမ်းကြမ်းတွေနဲ့ လှလှပပထိုးနှက်မိသည်...

ရှေ့မှအနှီလူသားကတော့နှုတ်ဆိတ်ကာ ကျွန်တော့်ထိုးနှက်ချက်တွေကို မယုံနိုင်သလိုမျက်ဝန်းတို့နှင့်တွေတွေလေး ငေးနေခဲ့သည်....

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now