Unicode
*၂ယောက်ထဲက ၁ယောက်
ကျိန်းသေပေါက် နာကျင်ရမယ်ဆိုရင်..
နာကျင်ရမယ့်သူဟာ သည်းငယ်ပဲ
ဖြစ်ပါရစေ "ဦး~"
ဘာလို့ဆို...သည်းငယ် "ဦး"ကို အသက်ထက်ပိုချစ်တာမို့..*~•~•~•☆•~•~•~
ကားနားသို့ရောက်တော့ ကျွန်တော့်ကို ဂရုတစိုက် ကားတံခါးဖွင့်ပေးတဲ့ "ဦး" ကြောင့် အမျိုးအမည်မသိသော ကြည်နူးမှုလှိုင်းလေးတစ်ခု ဂယက်ထလာသည်...
~မထင်မှတ်ပဲပြုလုပ်လိုက်တဲ့ ဂရုစိုက်မှုလေးတစ်ခုနဲ့တင်
သည်းငယ်ရဲ့ နှလုံးသားက "ဦး"ရှေ့မှာ ပြားပြားဝပ်ဒူးထောက် ခစားလျက်ပါ "ဦး"~ဂရုတစိုက် ကားတံခါးဖွင့်ပေးတဲ့ "ဦး" ကို တစ်ချက်ပြုံးပြကာ ကားထဲသို့ အခန့်သားဝင်ထိုင်လိုက်မိသည်...
" Appa တားက hyung နဲ့တူတူ နောက်ခန်းမှာထိုင်မှာ!"
အမေဖြစ်သူရဲ့လက်ကိုဖြုတ်ချကာ ကားကိုတစ်ပတ်ပတ်လို့ လုံးလုံးလုံးလုံးနဲ့ "ဦး"ဘေးသို့ပြေးလာလေသော Taeoh!
"ဦး" ကတော့ ဝေခွဲမရစွာ ကျွန်တော့်ကို တစ်လှည့် Taeoh ကိုတစ်လှည့် ကြည့်နေလေရဲ့...
"လာ Taeoh လေး Hyung ဆီကိုလာ.."
လက်နှစ်ဖက်ကိုရှေ့သို့ဆန့်တန်းကာ စကားဆိုမိတော့.... Taeoh လေးကို ပွေ့ကာ ကျွန်တော့်လက်ထဲသို့ ထည့်ပေးလာ၏...။
*ဒုန်း*
"ထူးဆန်းတယ်! တော်ရုံလူဆို အကပ်မခံတဲ့သားက ဂျောင်ဆူးရှီ နဲ့ကျမှ အနားကမခွာနိုင်ဖြစ်နေတာ!"
ကားတံခါးပိတ်သံအဆုံး တအံ့တဩထွက်ပေါ်လာတဲ့ အမေဖြစ်သူရဲ့စကား...
ကျွန်တော် Taeoh လေးရဲ့ ဆံပင်ပျော့ပျော့လေးတွေ လက်နဲ့ဖွကာ အပြုံးတစ်ခုနဲ့သာ တုံ့ပြန်လိုက်မိတယ်....
အမှန်တိုင်းပြောရရင် " ဦး" နဲ့ သူမရဲ့ သွေးသားဖြစ်တဲ့ Taeoh လေးကို ကျွန်တော်မမုန်းမိပါ...
ဘာအရောင်မှမရှိတဲ့ ပကတိဖြူစင်လွန်းတဲ့ ကလေးငယ်ကို ဘယ်လိုစိတ်မျိုးနဲ့ မုန်းရက်လေမလဲ...
*အော်.. သိပ်ကို ကလေးချစ်တတ်တဲ့
"ဦး" ရဲ့ဆန္ဒတွေတောင် ပြည့်ဝသွားပြီပဲနော် Congratulations ပါ "ဦး"ရေ....*
YOU ARE READING
ချယ်ရီမြေက အလွမ်းတေး~ Zawgyi+Uni
RomanceUnicode *ချယ်ရီမြေပေါ်က သည်းငယ်တို့ ၂ ယောက်ရဲ့ အမှတ်တရတွေဟာ အရင်လိုချိုမြိန်ဆဲပါ "ဦး"* Zawgyi *ချယ်ရီမြေပေါ်က သည်းငယ်တို့ ၂ ယောက်ရဲ့ အမှတ်တရတွေဟာ အရင်လိုချိုမြိန်ဆဲပါ "ဦး"* #Dika Yaoi #Angst/Sweet/Romance #Fic Cover By Yeollie61_Bakkie 04