-2-

738 102 23
                                    

Unicode

*ပြန်လည်ဆုံစည်းခြင်းဟာ ဤမျှလောက်နာကျင်ရလိမ့်မယ်လို့ ကျွန်တော်ထင်မထားခဲ့ရိုးအမှန်*

~•~•~•☆•~•~•~

Doh Kyungsoo P.O.V

"သည်းငယ်~"

မကြားရတာကြာပြီဖြစ်သော...
"ဦး"နှုတ်ဖျားမှ ခေါ်သံတိုးတိုးသည် အရိုးထဲ..အသားထဲထိ စိမ့်ဝင်သွားသည်~

"ဦး" တောင် အတော်အတန်ပင် ပြောင်းလဲသွားပြီ~

~တစ်ချိန်က ကျွန်တော်သဘောကျသော လေတိုက်တိုင်း ရှုပ်ပွနေတတ်သည့် ပန်းနုရောင်ဆံနွယ် ပျော့ပျော့လေးတွေသည်...
ယခုတွင်တော့ နက်မှောင်ကာ ဆီဖြင့် သပ်သပ်ရပ်ရပ်ဖီးသင်ထားသည့်မို့~
သူ့နှဖူးပြင်မို့မို့ထက်ဝယ် ပုံစံမပျက် သပ်ရပ်စွာ နေရာယူထားကြသည်~

~တစ်ချိန်က ကင်မရာတစ်လုံးကို လည်ပင်း၌ဆွဲကာ...ပေါ့ပေါ့ပါးပါးနှင့် စတိုင်ကျကျဝတ်ဆင်တတ်သော "ဦး" သည် ယခုတွင်တော့ နက်ပြောင်နေသော Suit နှင့် တစ်မျိုးခန့်ညားနေပြန်၏~

သို့သော်....

နှုတ်ခမ်းထက်က အပြုံးချိုချိုလေးတွေကတော့ ကျွန်တော့်ရင်ကို လှုပ်ခတ်စေနိုင်မြဲ.....

ဖန်ဂေါ်လီမျက်ဝန်းညိုညိုတို့မှ စူးရဲရဲအကြည့်များက ကျွန်တော့်ကို ရူးခါစေမြဲ...

ဩရှရှအသံချိုချိုနဲ့ ကျွန်တော့်ကိုပြုစားနိုင်မြဲ~

"Jongin!"

အမျိုးသမီးတစ်ယောက်၏ ခပ်ဟဟခေါ်သံတစ်ခုကြောင့် ကျွန်တော့်အတွေးစများ ကြက်ပျောက်ငှက်ပျောက်~~

"Nae~Noona..."

Noona ဆိုသော "ဦး" ရဲ့ခေါ်သံက ကျွန်တော့်ရင်ကို အချက်ပေါင်းများစွာ ထိုးနှက်သည်~

"သူကဘယ်သူလဲဟင်?မိတ်ဆက်ပေးဦးလေ.."

ထိုအမျိုးသမီး၏ စကားအဆုံး "ဦး" ၏ အသံဩဩက လေလှိုင်းမှတဆင့်
ကျွန်တော့် နားစည်အတွင်းတိုးဝင်လာ၏~

ကျေးဇူးပြု၍ "ဦး" နှုတ်ဖျားက မုသားစကားတွေ ထွက်ကျမလာပါစေနဲ့လား~

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now