-5-

585 106 26
                                    

Unicode

~တစ်ချို့သောချိုမြန်တဲ့
အမှတ်တရတွေဟာ
နာကျင်စရာတွေနဲ့တွေ့ဆုံတဲ့အခါ အဆိပ်တစ်ခွက်လိုခါးသက်လာတတ်ကြတယ်တဲ့
ဒီလိုပါပဲအချစ်ဆိုတာလဲ
နာကျင်ရတာများရင်
ကန့်လန့်တိုက်ပြီးမုန်းပစ်ချင်လာ
တတ်တယ်~

~•~•♡•~•~

ကားပေါ်သို့ရောက်တာနဲ့ ခါးပတ်ပတ်စရာရှိတာပတ်ပြီး ဖုန်းထုတ်နားကြပ်တပ်လို့ ရောက်တတ်ရာရာသီချင်းကိုသာ
နားထောင်နေမိလိုက်တယ်...

အမှန်တိုင်းပြောရရင် ဦးရဲ့ချစ်တယ်ဆိုတဲ့ စကားနဲ့ စောနကဖြစ်ပျက်ခဲ့သမျှတွေကြောင့် ခံစားချက်တွေ သိပ်ကိုမှရှုပ်ထွေးနေသည်က တစ်ကြောင်း....

ကားမောင်းရင်းဘက်မှန်ကနေ လှမ်းလှမ်းကြည့်တတ်တဲ့ ဦးရဲ့အကြည့်တွေကို ရှောင်လွှဲချင်သည်က တစ်ကြောင်းကြောင့် နားကြပ်တပ်ကာ မျက်စိစုံမှိတ်ထာမိခြင်းပင်...

ဖြစ်နိုင်လျှင် ရေပန်းအောက်တွင်ထိုင်ချပြီး အားရပါးရငိုချပစ်ချင်သည်...

ရှုပ်ထွေးနေသောခံစားချက်တွေ သက်သာလိုသက်သာငြား "အား"ခနဲ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပစ်လိုက်ချင်သည်...။

သို့သော်အခြေအနေကမစွမ်းသာသည်မို့ အတွေးနယ်ချဲ့ရင်း ခေတ္တမျှမှေးစက်ရန် ကြံရွယ်လိုက်မိသည်...

#တီ#

တီခနဲကားဟွန်းသံကြားတာမို့ မှိတ်ထားသည့်မျက်ဝန်းများကို အသာဖွင့်ကြည့်မိတော့...

ဘာမှထွေထွေထူးထူးဖြစ်တာမတွေ့သည်မို့ မျက်လုံးပြန်မှိတ်မည်အပြု ..
အမြင်အာရုံထဲဝင်ရောက်လာလေတဲ့ ချယ်ရီပင်တန်းရှည်....

တစ်ချိန်ကအမှတ်တရများစွာတည်ရှိရာ ထိုနေရာသည် ယခုတွင်တော့ နာကျင်စေရန်ဆောင်ကျဉ်းသည်...

တဖြည်းဖြည်းအနောက်မှာကျန်ခဲ့တဲ့ ချယ်ရီပင်တန်းရှည်နှင့်အတူ အမှတ်တရအချို့ဟာ ခေါင်းထဲသို့တရေးရေးတိုးဝင်လာလေရဲ့....။

Flash Back~~~

"ဦး~"

ချယ်ရီပင်အောက်ကခုံတန်းလျားပေါ်မှာ ၂ယောက်အတူတူ ထိုင်နေရင်း ဦးရင်ခွင်ထဲကထွက်လို့ အသံရှည်ဆွဲခေါ်မိတော့ ကျွန်တော်ဆံနွယ်လေးတွေကို ခပ်ဖွဖွသပ်တင်ပေးပြီး ပြန်ထူးလေတယ်....

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now