-1-

685 103 10
                                    

Unicode

~မေ့ပစ်ဖို့ကြိုးစားတိုင်း အမှတ်တရတွေကို တရေးရေးမြင်ယောင်လာတယ် "ဦး"
သည်းငယ်မရှိတဲ့ ရေမြေရပ်ခြားမှာ
"ဦး" ပျော်နေမှာလား?~

~•~•~•~☆~•~•~•~


နှင်းအထပ်ထပ်ဖုံးလွှမ်းနေသော တိုကျိုမြို့ရဲ့ လူသွားလမ်းပေါ်၌ "Latte Coffee" ပူပူ တစ်ခွက်ကို ကိုင်ထားသော ကောင်လေးတစ်ယောက်သည်
အချမ်းဒဏ်ကို အံတုကာ....
လုပ်ငန်းခွင်ရှိရာသို့ တရွေ့ရွေ့ခရီးနှင်နေလေရဲ့....

ထိုကောင်လေး၏အမည်က ဒိုဂျောင်ဆူး...

Do Kyung Soo's Pov

အခုလိုခိုက်ခိုက်တုန်အောင်အေးတဲ့အချိန်မျိုးဆို "ဦး" ကို ပိုတိုးလို့သတိရမိသည်..

~တစ်ချိန်က ရေခဲတမျှအေးစက်နေသော ကျွန်တော့်လက်အစုံကို သူ့လက်ဖဝါးနွေးနွေးနှင့် အုပ်မိုးကာ နွေးထွေးစေခဲ့ဖူးသည်...

~တစ်ချိန်က မေးချင်းရိုက်အောင် ချမ်းတုန်နေသော ကျွန်တော်ကို သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းကာ အနွေးဓာတ်ပေးခဲ့ဖူးသည်...

~တစ်ချိန်က ကော်ဖီခါးခါးမသောက်နိုင်သော "ဦး" နှင့် Latte ကော်ဖီ တစ်ခွက်ကို ၂ ယောက် အတူတူသောက်ရင်း တိုကျိုလမ်းမထက် ခြေရာချင်းထပ်အောင် လည်ပတ်ခဲ့ဖူးသည်...

~တစ်ချိန်က "ဦး" နင်းသောစက်ဘီးနောက်၌ အခန့်သားထိုင်ကာ "ဦး" ရဲ့ကျောပြင်ကျယ်ကို ခပ်တင်းတင်း ဖက်တွယ်လို့ ကျောင်းသွားခဲ့ဖူးသည်....

~လွမ်းသည်...ပြောမပြတတ်အောင်လွမ်းသည်...
မေ့ပစ်ဖို့ ကြိုးစားသော်ငြား အရာမထင်...
အမှတ်တရတွေဟာ ကျွန်တော့်ကိုလှောင်သည်...

ဒီနေ့သည် "ဦး" နဲ့ လမ်းခွဲခဲ့တာ ၅နှစ်တိတိပြည့်သောနေ့....

လမ်းခွဲခဲ့ချိန်တုန်းကလိုပင် ကျွန်တော့်ကိုနာကျင်စေမြဲ...

ရင်ဘက်ထဲက ဒဏ်ရာဟောင်းတွေဟာ သစ်လွင်ဆဲ...

ကျွန်တော်ရဲ့ အရာရာတိုင်းကို "ဦး" က စိုးမိုးထားမြဲ.....

ချယ်ရီမြေက အလွမ်းတေး~ Zawgyi+UniWhere stories live. Discover now