My Dear One Night Stand(Unicode)

5.1K 88 2
                                    


ကျွန်တော့်နာမည်ကကောင်းမြတ်ဖြိုး
အချစ်ထက်sexကိုပိုယုံကြည်သူပေါ့...
လူတွေကအချစ်ကြောင့်sexဖြစ်တာလို့ပြောကြပေမဲ့ကျွန်တော်ကတော့sexကြောင့်အချစ်ဖြစ်လာတယ်လို့ပဲယုံကြည်တယ်
အရှင်းဆုံးပြောရရင်အချစ်ကိုလုံးဝမယုံကြည်သူပေါ့ဗျာ...
အချစ်ကိုဘယ်ချိန်ကစမယုံကြည်လဲဆိုရင်ကျွန်တော့်မိဘတွေကွာရှင်းတဲ့အချိန်ကစတာပေါ့
ကျွန်တော့်​မေမေ ကိုချစ်လှပါတယ်ဆိုတဲ့ကျွန်တော့ဖေဖေကလဲအသစ်တွေ့တော့ကောက်ကောက်ပါအောင်လိုက်သွားတယ်
ကျွန်တော့်​မေမေကလဲဖေဖေ့ကိုချစ်လှပါချည်ရဲ့ဆိုပြီးတစ်လမကြာလိုက်ဘူးပထွေးကိုအိမ်ပေါ်ခေါ်လာတယ်
ဒါကြောင့်ကျွန်တော်အချစ်ကိုမယုံတာမလွန်ဘူးထင်တာပဲ
အချစ်ကိုမယုံတဲ့ကျွန်တော့်အတွက်ချစ်သူဆိုတာပိုလို့တောင်မဖြစ်နိုင်သေးတယ်
sexအတွက်အချစ်ကိုမရှာပဲအပျော်ကိုရှာတယ်
တစ်ညတာအပျော်အတွက်ကလပ်တက်တယ်
ဘားသွားတယ်အဆင်ပြေတဲ့သူနဲ့ချိတ်တယ်
ပြီးရင်ဘာမှပတ်သတ်စရာမလိုဘူးအေးဆေးပဲ
ဒါကြောင့်လဲrelationshipထက်one night standပတ်သတ်မှုကိုပိုသဘောကျတယ်
အော်...ပြောဖို့မေ့နေတာကျွန်တော်ကgay
ရှင်းရှင်းပြောရရင်အောက်ပုဂ္ဂိုလ်ပေါ့
ဒါကြောင့်လဲကျွန်တော့်ပထွေးရဲ့ကျားချောင်းချောင်းခြင်းကိုခံနေရတာပေါ့
ကျွန်တော်ကအပြင်မှာကြိုက်တဲ့သူနဲ့sexဖြစ်ချင်ဖြစ်မယ်မေမေ့လူကိုတော့လုံးဝမထိ
မထိတာထက်အထိကိုမခံတာ
ကျွန်တော်ထိချင်ရင်ခနလေးနဲ့ပါလာမဲ့တဏှာရူးကြီး...
ကဲထားပါဖြည်းဖြည်းချင်းကျွန်တော့်အကြောင်းပြောပြသွားမယ်...

"သီဟငါ့ကိုmeetingအတွက်လိုအပ်တာတွေယူခဲ့ပေးပါအုန်း"

ကောင်းမြတ်ဖြိုးသူ့အတွင်းရေးမှူးသီဟအားလှမ်းခေါ်ကာလိုတာများမှာလိုက်သည်

"ဟုတ်ကဲ့ပါသူဋ္ဌေး"

ခနအကြာဖိုင်တခုနှင့်အတူသီဟဝင်လာသည်

"ဒီမှာပါသူဋ္ဌေး နောက်သုံးနာရီနေရင်ရှယ်ယာရှင်အစည်းအဝေးရှိပါတယ်ပြီးတော့အရင်တပတ်ကမှစာချုပ်ချုပ်လိုက်တဲ့ရှယ်ယာရှင်အသစ်'Hmue Group'ကCeoနဲ့dinnerရှိပါတယ်"

"ဟက်...စာချုပ်ချုပ်တာတောင်ကိုယ်တိုင်မလာပဲအတွင်းရေးမှူးကို ကိုယ်စားလှယ်လွှတ်လိုက်တဲ့ဘဝင်မြင့်နေတဲ့အကောင်ကdinnerဖိတ်ထားတာဆိုတော့သေချာပေါက်သွားရမှာပေါ့ ဒါပဲမလားရပြီသွားတော့"

One shot collectionsWhere stories live. Discover now