New Yearဖူးစာ{Unicode}🚨

12.5K 133 5
                                    


ဒီနေ့ညနှစ်ဟောင်းကိုနှုတ်ဆက်ပြီးနှစ်သစ်ကိုကြိုဆိုရန် အိမ်တွင်အလုပ်ရှုပ်နေကြတဲ့ ကောင်းကြိုးမပေးသောသူငယ်ချင်းများကိုနှစ်သစ်ကူးတစ်ယောက်လက်ပိုက်ကာထိုင်သာကြည့်နေတော့သည်....
Covidကြောင့်အရင်နှစ်များကလို countdown showများလဲမလုပ်ရခရီးလဲထွက်ခွင့်မရတော့တစ်ယောက်ထဲနေသောမိမိအိမ်တွင်သူငယ်ချင်းတစ်သိုက်သောင်တင်နေခြင်းဖြစ်သည်....
အင်း...တစ်ယောက်ထဲအခုလက်ရှိတော့တစ်ယောက်ထဲနေတာပေါ့....

New year ရောက်လာတော့မနှစ်ကဒီလိုနေ့မှာမိမိဘဝထဲသို့ဖိတ်မခေါ်ပါပဲရောက်လာခဲ့သောကောင်လေးတစ်ယောက်ကိုလွမ်းနေမိပြန်သည်....
ကျွန်တော့်အသက်၂၉နှစ်ရောက်မှ၁၉ နှစ်အရွယ်ကောင်လေးရဲ့အစားခံလိုက်ရပြီးဘုမသိဘမသိလင်တစ်ယောက်ရခဲ့တယ်လို့ပြောရင်ခင်ဗျားတို့ယုံကျမှာလား.....
တကယ်တန်းအစားခံလိုက်ရတာကျွန်တော် အများအမြင်မှာတော့ကျွန်တော်ကစားလိုက်တဲ့ပုံမျိုးနဲ့သရုပ်ဆောင်ကောင်းလွန်းလှပြီးပလီပလာများတဲ့မြေခွေးလိုကောင်ကြောင့်
လက်မထပ်ရင်ချက်ချင်းဂျေးထဲအောင်းရ မလိုဖြစ်နေတာကြောင့်နောက်ဆုံးတော့ faဘဝလင်တစ်ယောက်ရလဲမထူးဘူးဆိုပြီးယူခဲ့ရတာပေါ့....
သူမ်ားသားသမီးကို ယူတုန်းကယူပြီးသူ့အမေနေမကောင်းလို့ဆိုပြီးပြင်ဦးလွင် ပြန်သွားတာခုချိန်ထိပြန်မလာတော့....
လိုက်တော့မခေါ်ပါဘူး...ချစ်ပေမဲ့လဲကိုယ့်မှာလဲကိုယ့်မာနနဲ့ကိုယ်လေ...
သူတောင်နေနိုင်သေးတာပဲဟွန့်....
အား......သူများကိုစားပြီး
နားမလည်လုပ်သွားတဲ့
ဇွဲသီဟနွားစုတ်.....

နှစ်သစ်ကူး လင်တော်မောင်အားကြိမ်ဆဲကာမိမိတို့ဆုံတွေ့ခဲ့ရသောအချိန်တချို့စီသို့ခနတာအလည်သွားလိုက်သည်....

Flash back start.....

<~~2019 new year ~~>

နှစ်သစ်ကူး တို့အုပ်စုnew year partyကျင်းပရန်ပြင်ဦးလွင်မှာနေတဲ့
ဦးလေးဖြစ်သူ၏အိမ်တွင်အလုပ်ရှုပ်နေကြသည်...
အားနေမိန်းမယူခိုင်းနေသောမိဘတွေကိုခေတ္တခနရှောင်သောအားဖြင့်new year ကိူအကြောင်းပြကာပြင်ဦးလွင်သို့သွားရန်သူငယ်ချင်းများအားမဲဆွယ်ကာရောက်နေခြင်းလဲဖြစ်သည်....
ဘယ်သူထင်မှာလဲမိန်းမ မလိုချင်လို့ရှောင်ပြေးလာသူကယောက်ျားရသွားမယ်ဆိုတာ......

One shot collectionsWhere stories live. Discover now