ပြည်သူ့ရဲ (Unicode)

3K 60 0
                                    

"သက်...မင်းဘယ်လိုပုံနဲ့ဆန္ဒလာပြနေတာလဲ"

စစ်မင်းပိုင်တစ်ယောက်ဒေါသတကြီးဖြင့်အိမ်သူသက်ထားလေးအားပြောမိသည်....
နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ရဲတစ်ယောက်အနေနဲ့စိတ်သောကရောက်နေချိန် အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တဲ့မိမိယောက်ျားလေးအားစိတ်ပူနေရချိန်မှာထိုကလေးက skirt campaign မှာဝင်ပြီးတောင်ဆန္ဒပြနေသည်တဲ့....
မိမိကိုယ်တိုင်လဲစစ်အာဏာရှင်ကိုအလိုမရှိပေမဲ့...
ဝါသနာပါလွန်းလှတဲ့ရဲအလုပ်ကနေစွန့်ခွာဖို့ခက်နေတာကြောင့်ရယ်တချိုကိစ္စလေးတွေရယ်ကြောင့်အလုပ်ထွက်ဖို့ကိုစဥ်းစားနေရသည်....
ဆန္ဒပြတာကိုအပစ်မပြောလိုပေမဲ့ skirt တိုတိုကို
crop top နဲ့ဝတ်ပြီး လက်ထဲမှာကိုင်ထားတဲ့စာက
'Don't fuck my country. Come fuck me 'တဲ့လေ....
အဲ့စာတန်းကြီးကိုင်ပြီးလင်ဖြစ်သူရဲ့ရှေ့မှာတကြော်ကြော်အော်ပြီးဆန္ဒပြနေပုံကမိမိကိုစိန်ခေါ်နေသယောင်...
မိမိတစ်ယောက်ထဲမြင်နေရရင်ကိစ္စမရှိအခုဟာကလူပေါင်းသောင်းခြောက်ထောင်ရှေ့တွင်ဖြစ်နေသောကြောင့်စစ်မင်းပိုင်သွေးတက်ကာဆူနေရခြင်းဖြစ်လေသည်....

"ကို...သက်ကိုလာမအော်နဲ့...ပြီးတော့ကို့ကိုသက်ဘာပြောထားလဲ...အလုပ်မထွက်မချင်းဖုန်းမခေါ်ဖို့ပြောထားတယ်မလား..."

ဆူဖို့ဖုန်းဆက်တာစစ်မင်းပိုင်ဖြစ်သော်လည်းအမှန်တကယ်ဆူတော့မဲ့သူကတော့စစ်မင်းပိုင်ရဲ့တစ်ဦးတည်းသောချစ်ရသူအိမ်သူသက်ထားစိုင်းသက်လင်းဖြစ်လေသည်....

"သက်ကလည်း...ကိုက.."

"တော်စမ်း...ဘာစကားမှမကြားချင်ဘူး...နောက်နှစ်ရက်နေလို့မှခင်ဗျားအလုပ်ထွက်စာမတင်ရင်ကွာရှင်းစာချုပ်ထားခဲ့ပြီးချက်ချင်းနောက်ယောက်ျားယူပစ်မှာ... skirt လေးဝတ်ပြီးတစ်ရက်ထွက်လိုက်တာဖုန်းနံပါတ်လာတောင်းတဲ့သူတွေနည်းတာမဟုတ်ဘူးဆိုတာသိထားပါ...ကိုစစ်မင်းပိုင်..စိုင်းသက်လင်းတဲ့တစ်လင်းပဲရှိတယ်ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တယ်ဆိုတာသိထား..."

ဟုဆိုကာဖုန်းချသွားသူလေးကြောင့်စစ်မင်းပိုင်ခေါင်းကြိမ်းနေရသည်...

'တူ....တူ...တူ...လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာသတ်မှတ်ချိန်အတွင်း.... '

One shot collectionsWhere stories live. Discover now