တော်လှန်ရေးဖူးစာ (Unicode)

2K 45 0
                                    

"ညီဒီနေ့ကင်းကျတယ်နော်...မသွားသေးဘူးလား..."

"ဟုတ်သွားမှာ...
ကျွန်တော်၈နာရီခွဲလောက်ထွက်ခဲ့မယ်နော်...မေမေကကင်းစောင့်တဲ့သူတွေအတွက်မုန့်လေးလုပ်ထားတာတစ်ခါတည်းစောင့်ပြီးယူခဲ့မလို့...."

"အင်း...ဟုတ်ပြီ....ဟုတ်ပြီ...အကိုသွားနှင့်ပြီနော်...."

ကျွန်တော်ချစ်ရတဲ့အကိုကသိပ်ကိုလူကြီးဆန်ပြီး
တိုင်းရေးပြည်ရေးအတွက်အားတက်သရောပါတတ်လေသူဖြစ်လေသည်....
ရပ်ကွက်တွေထဲခွေးဝင်ဆွဲတဲ့နေကစလို့တစ်ရက်မပြတ်ညဘက်ကင်းစောင့်လေသည်...
မနက်ဆိုလဲဆန္ဒပြလေသည်....
Gen-Y ဖြစ်တဲ့အကိုက Gen-Z တွေနဲ့အပြိုင်တော်လှန်ရေးကိုအားတက်သရောပါဝင်နေသူလဲဖြစ်လေသည်....

"သားငယ်လေး....ဒီမှာမုန့်ဘူးတွေလူစိအောင်ဝေပေးလိုက်နော်....လိုရင်လာထပ်ယူ...ကြားလား..."

"ဟုတ်ကဲ့ပါမေမေရဲ့.."

"အေးအေးသွားတော့....ဂရုစိုက်နော်...အထိခိုက်မခံနဲ့...နိုးနိုးကြားကြားသတိနဲ့နေ..."

"ဟုတ်စိတ်ချပါမေမေရဲ့...သားသွားပြီနော်..."

ကျွန်တော်လဲမေမေထည့်ပေးလိုက်သောမုန့်ဘူးများကိုယူကာဟိုဘက်ဒီဘက်လမ်းထိပ်နှစ်ဘက်ရှိကင်းသမားများကိုမုန့်ဘူးများလိုက်ဝေကာအကိုရှိတဲ့ဘက်သို့ကင်းကျသောသူငယ်ချင်းများနှင့်အတူလောက်လေးဂွတစ်ခုကိုင်ကာထိုင်နေလိုက်သည်...
ကျွန်တော်သူငယ်ချင်းတွေကအငြိမ်မနေတတ်သူမို့လမ်းထိပ်နှစ်ဘက်ကိုခေါက်တုန့်ခေါက်ပြန်လျှောက်နေကြသောကြောင့်ထိုနေရာမှာအကိုနဲ့ကျွန်တော်နှစ်ယောက်တည်းသာကျန်ခဲ့လေသည်...

"အား...ဒီခြင်တွေကလဲ...ကျစ်..."

ခြင်ဆေးခွေထွန်းထားသော်လည်းအဆက်မပတ်ကိုက်နေသောခြင်များကြောင့်ကျွန်တော့်မှာတဖျတ်ဖျတ်ရိုက်ကာတွန့်လိမ်နေရသည်...
အကို့ကိုကြည့်လိုက်တော့အကိုကတော့တည်တည်ငြိမ်ငြိမ်သာရှိလေသည်....
ကျွန်တော်မျက်နှာရှုံ့တွနေတော့အကိုကကျွန်တော့်ကိုကြည့်ကာရယ်ရင်း.....

"ဒီနေ့မှကင်းစစောင့်ဖူးတာဆိုတော့ညီကအထာဘယ်သိမလဲ...ခြင်ဆေးခွေထွန်းထားလဲမရဘူးကွ...ဒီမှာလူးဆေးလေးပါလူးထားရတယ်...လာအကိုလိမ်းပေးမယ်လက်ပေး...."

One shot collectionsWhere stories live. Discover now