Eleven

125 15 4
                                    

" ကျောင်းကဘာလို့ နောက်ကျတာလဲ ChanYeol "

ထမင်းစားဆောင်မှာ အီဖယ်အီဖယ်နဲ့ စားနေတဲ့ ChanYeol ကို YoungPyo မေးလိုက်သည် ။

" မင်းပြောတယ်လေ နာရီပိုင်ရှင်ကို ရှာဆို "

" အဲ့တော့ ရှာနေတာပေါ့ ပြောပါဦးဘယ်လို ဗျူးဟာတွေနဲ့ ရှာနေတာလဲဆိုတာ "

YoungPyo ဟာသူ့ဘေးမှာရှိနေတဲ့ ChanYeol ပန်းကန်ထဲက မစားဘဲထားတာတဲ့ ဟင်းတစ်ဖက်ကို ယူစားတယ် ။

" အင်း ပြောရမယ်ဆို ပါတီလုပ်တာ ငါတို့ အိမ်ဆိုတော့ ခြံထဲဒီမနက် တစ်ခုခုများတွေ့မလားလို့ ရှာကြည့်နေတာ "

" မင်းကတော်တယ်နော် တကယ်တော်တဲ့ကောင် ကျောင်းစာကလွဲလို့ သုံးစားမရတဲ့ အကောင် "

ChanYeol ကလည်း YoungPyo မစားတဲ့ အရွက်ကိုယူနေသည် ။ YoungPyo ပြောတဲ့စကားကြောင့် အရွက်ကလေထဲမှာတန့်လို့

" Young Pyo ! "

ဆူပုတ်စွာ ChanYeol အော်လိုက်သည်။

" ငါပြောတာ နည်းသေးတယ် မင်းတို့ပါတီလုပ်ခဲ့တဲ့ အချိန်နဲ့ အခုချိန်နဲ့တွက်ကြည့်ရင် မင်းကလေးတောင်မွေးလို့ရနေပြီ "

" မင်းကလည်း အဲ့လောက် မကြာသေးပါဘူး ပြီးတော့ ငါပါးပါဆီ ဧည့်သည်တွေ မေးဖို့ လုပ်ထားတယ် နည်းနည်းတော့ အဲ့လူပုံစံပြောပြီ မေးရမှာပေါ့ "

အရွက်ကိုထမင်းပေါ်တင်လို့ ChanYeol စားလိုက်သည် ။ ဘေးချင်းကပ်ထိုင်နေပေမယ် YoungPyo ChanYeol ဘက်သို့ကိုယ့်ကိုလှည့်၍ မျက်နှာချင်းဆိုင်းလိုက်ကာ

" ဒါတော့ မဆိုးဘူး ဒါနဲ့ အမျိုးသားနော် မင်းကယောင်္ကျားလေးတွေ ကြိုက်လို့လား "

" အင်းငါက အချစ်ကို gender မထားဘူး ငါ့ကို ချစ်ပြီ ငါကချစ်ရင်ရပြီ အချစ်မရှိတော့ဘူး ဆိုတဲ့ ဒီကမ္ဘာထဲမှာ ငါကအချစ်ကို တွေ့အောင်ရှာချင်တာ "

" မင်း အချစ်ကို ရှာတွေ့တဲ့အခါ ပျော်ရွှင်မယ်လို့ ထင်လား "

" အနည်းနဲ့အများပေါ့ကွာ "

YoungPyo ကမျက်ခုံးတစ်ဖက်ပင့်ပြီး အရှေ့ပြန်လှည့်ကာ ထမင်းပြန်စားသည် ။ ညက်ညက်ဝါးနေရင်းနဲ့

Cinderella ( New Version )Where stories live. Discover now