ñïńę

600 116 14
                                    

Unicode.....

" Hello Chan Gege morning "

မနက်အစောကြီး ဖုန်းက ထမြည်လာလို့ အိပ်ချင်မူးတူး နဲ့ကောက်ကိုင်လိုက်သည် ။ နံပါတ်ပင်မကြည့်မိလိုက် အသံကြားမှ SeHun ။ ဒီကလေး ဒီလောက်အစောကြီးကို နိုးနေတာလား ။ အရင်ဆို ကျောင်းသွားခါနီးမှ အပေါ်ထပ်ကနေဆင်းလာတဲ့ သူပါ ။

" အင်း SeHun မောနီး "

" gege အခုထိမနိုးသေးတာတော့ မဟုတ်ပါဘူးနော် "

SeHun ရဲ့ထူးထူးဆန်းဆန်အမေးကို ChanYeol မျက်လုံးလေးပြူးလို့ ပြန်ဖြေမိသည် ။

" အစောကြီးရှိသေးတယ်လေ SeHun ရဲ့ အခုကအိမ်ကောင်းချိန်ဘဲကို "

" gege နာရီကိုကြည့်လိုက်စမ်း "

နည်းနည်းလေး မာသလိုလို ရှိလာတဲ့ SeHun အသံကြောင့် ChanYeol ဖုန်းကိုနားက ခွာပြီ ကြည့်လိုက်သည် ။ O.M.G ကိုးနာရီခွဲနေပြီတဲ့လေ ။

" ge ဘာလို့အဲ့လောက်အိပ်ပျော်သွားမှန်းမသိဘူး "

" သိတယ်လေ သိနေတယ် ဒါကြောင့် ဖုန်းဆက်နှိုးပေးတာပေါ့ "

" ကျေးဇူးပါဘဲ SeHun ဒါနဲ့ ဘယ်လိုသိတာလဲ "

" ဘာကို ဘယ်လိုသိရမှာလဲ ခရီးပန်းရင် အကြာကြီး အိပ်တတ်တာကို မေ့နေတာလား ကိုယ့်ကိုကိုယ် "

" ကျေးဇူးဘဲ SeHun ရဒါနဲ့ ge ကိုသူတို့ဘာလို့လာ မနှိုးတာလဲမသိဘူး "

" လာနှိုးရင်နှိုးမှာပေါ့ Gege မကြားတာရော မဖြစ်နိုင်ဘူးလား "

" အင်း ဖြစ်နိုင်တယ် "

" ကဲကဲ စကားမများနဲ့ မြန်မြန်ထ အဖွဲ့ဆီသွား တော်ကြာ ဒဏ်ပေးလို့ "

" အင်းပါ ဒါဆို ဖုန်းချ...

" ခဏ ညက မနက်စာဘယ်မှာနဲ့ ဘယ်အချိန်ဆိုတာ မပြောဘူးလား "

" အင်း မပြောဘူးလား ပြောလားမသိဘူး အခန်းထဲ ဝင်နားဆိုတာနဲ့ Ge အိပ်ပျော်သွားတာဘဲ "

" ကောင်းတယ် ကောင်းတယ် YiFan gege ကို ဖုန်းဆက်မေးလိုက်မလား "

" ကိုကို့ကို ဒီအတိုင်းဘဲ ထားလိုက်ပါ SeHun gege ရေချိုးလိုက်ဦးမယ်နော် လန်းသွားအောင်လို့ ဒါဘဲနော် "

Cinderella ( New Version )Where stories live. Discover now