"ChanYeol ဇာတ်လမ်းတွဲတွေ ထဲကလို မင်းပျောက်သွားရင် ဘယ်သူ လိုက်ရှာမယ် လို့ထင်လဲ "
" ဟင်? ဇာတ်လမ်းတွဲတွေ ထဲမှာ မင်းသမီးဘဲ ပျောက်တာ မဟုတ်ဘူးလား "
ထမင်းစားချိန် ဘေးမှာထိုင်တဲ့ Young Pyo က စကားစလာသည် ။ ဒီ Trip ကတော့ young Pyo ကောင်းမှူကြောင့် အဖော်မမဲ့ ။
အင်းသူတို့ camp ကနည်းနည်းသက်သာတယ်ပြောရမည် ။ အခုလည်း မနက်စားကို အေးေအးဆေးဆေး စားနေရသည် ။
"နေစမ်းပါ မင်းက ဇတ်လမ်းတွဲ ထဲကမင်းသမီးတွေထပ် ပိုလှတယ် ဒါကြောင့် အခုလက်တွေ့မှာ မင်းကပျောက် "
" သေတော့မယ် မင်းတော့ ငါက ပျောက်စရာအကြောင်းမရှိ မင်းသာ မပျောက်စေနဲ့ "
" မနောက်ဘူး အတည်ပြောနေတာ မင်းပျောက်သွားမယ်ဆို Jay ကတော့ သေချာပေါက်လိုက်ရှာမှာ ငါသိချင်တာ YiFan ကရော လိုက်ရှာပါ့မလားလို့ "
ကိုကိုက လိုက်ရှာမလား ဆိုတဲ့ Young Pyo အပြောမှာ ChanYeol လည်းသိချင်တာတော့ အမှန်ပေ ။ သို့ပေမဲ့............
" အဲ့တော့ မင်းသိချင်တာနဲ့ ငါက တောထဲ မှာပျောက်ပေးရမလား "
" အေးပျောက်ပေးစမ်းပါ ကျေးဇူးမမေ့ပါဘူး "
" သွားစမ်း အကောင်းပြောနေတယ်များမှတ်နေလား "
" ဘယ်လိုဘဲ ဖြစ်ဖြစ် မင်းလည်းသိချင်တယ်မလား "
တကယ့်ကို စူးစမ်းနေတဲ့ မျက်ဝန်းတွေနဲ့ အားတတ်သရော ဖြစ်နေတဲ့ Young Pyo ကိုကြည့်ပြီ ChanYeol သက်ပြင်းချကာ
" Young Pyo ကိုကိုကလေ ငါ့အတွက်နဲ့ ကားရှေ့တောင်ပြေးဝင်ပေးဖူးတယ် အဲ့ဒါကြောင့် ကိုကိုက တစ်နှစ်ကျောင်း နာလိုက်ရလို့ ငါတို့နဲ့အတန်းတူသွားတာ အခုလည်း ငါပျောက်ရင် ကိုကိုက....... "
ChanYeol စကားမဆက်တော့ဘဲ ထမင်းကိုတူနဲ့ ထိုးဆွနေလိုက်သည် ။ ဝမ်းနည်းသလို ငြိမ်သွားတဲ့ သူငယ်ချင်းကို ကြည့်ပြီ Young Pyo ထပ်မစတော့ပေ ။
ကစားကွင်းမှာတုန်းက ကိုကိုပြောခဲ့တာ တွေ ChanYeol ဘယ်လိုမေ့နိုင်မလဲ ။ ဟင့်အင်း မေ့လို့မရနိုင်တော့ဘူးလေ .......
YOU ARE READING
Cinderella ( New Version )
Fanfictionကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက......... ကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက.........