Unicode.....
Trip ထွက်ဖို့ရက်က သိပ်မလိုတော့ နီးသထက်နီးလာသည် ။ ထို့ခရီးတွင် အထက်တန်း တတိယနှစ်တွေဘဲ သွားတဲ့ Trip ဖြစ်သည် ။ တစ်ကျောင်းလုံးရဲ့ အထက်တန်း တတိယနှစ်က အခန်း ငါးခန်းသာရှိသည် ဖြစ်သော်လည်း လူဦးရေမှာ တစ်ခန်း ၃၀ ကျော်ကျော်ရှိနေတော့သည် ။ အမြဲတမ်း တစ်ကျောင်းလုံး အဆင့်တစ်ရသူမှာ YiFan ဖြစ်သည့်အပြင် ကျောင်းက King လည်း ဖြစ်ပြန်သည် ။ ChanYeol ကတော့ အတန်းထဲတွင်သာ အဆင့်နှစ်ပင်ဖြစ်သည် ။ ထိုနည်းတူ Jay လည်း ChanYeol နှင့်အမြဲတူတူ အတန်းထဲမှာပင် နှစ်ရသည် ။ တစ်ကျောင်းလုံးတွင်လည်းရသည့် အဆင့်မှာတူ သည် ။ အမြဲ တစ်ကျောင်းလုံး အဆင့်ငါးကို သာရသည် ။ ထို့ကြောင့် Jay သတ်မှတ်သည်မှာ ဖူးစာဖက်တွေမို့လို့ဟုပင် ။
" ChanYeol gege Trip ထွက်ဖို့မပြင်ဘူးလား ”
" ပြင်ပြီးပြီ SeHun ရ ”
ChanYeol အခန်းတံခါးကို ခေါက်တောင် မခေါက်ဘဲ SeHun ဝင်လာခဲ့သည် ။ ကုတင်ပေါ်တွင် ထိုင်နေတဲ့ Yeol က အခန်းထဲလူဝင်လာတာလည်း မသိ စိတ်နဲ့လူမကပ်စွာ ငြိမ်သက်နေသည် ။ SeHun အသံကြားမှသတိဝင်လာသည် ။
" ကျွန်တော်ကတော့ တရုတ်ခဏသွားရင်ကောင်းမလားလို့ ”
ChanYeol ဘေးနားဝင်ထိုင်လိုက်တဲ့ SeHun က ChanYeol ဆံပင်တွေကို ခပ်ဖြည်းဖြည်းလေး ဖွလိုက်သည် ။ ChanYeol က မျက်လုံးဝိုင်းဝိုင်းတောက်တောက်လေးနဲ့ ကြည့်နေသည် ။
" ကောင်းတာပေါ့ SeHun ရ ဟိုမှာ တစ်ပါတ်လောက်နေလိုက်လေ ”
" mama ကော papa ကော တွေ့ချင်တယ် ဒါပေမဲ့ gege တို့က နှစ်ရက်တည်းမဟုတ်လား ”
" မဟုတ်ဘူး SeHun သုံးညအိပ် လေးရက်ခရီး ”
" ဟာ အဲ့လောက် ကြာတဲ့ ကျောင်း Trip ရှိလို့လား စိတ်ပျက်တယ် ”
စိတ်ပျက်စွာ ပြောနေတဲ့ SeHunကို ChanYeol ရယ်၍ ကြည့်နေသည် ။
" တရုတ်သွားနေမယ်ဆို ”
" ကျွန်တော်တော့ လွမ်းနေတော့မှာဘဲ ၄ရက်တောင် ”
" ဟင်? ဘာကိုပြောတာလဲ ”
" ကျွန်တော်တစ်ယောက်တည်း ဒီအိမ်ထဲမှာ ကျန်ခဲ့မှာလေ ဒီအိမ်ရဲ့ ဘယ်နေရာကြည်ကြည့် Gege ပုံရိပ်တွေနဲ့ ကျွန်တော် လွမ်းနေရမှာပေါ့ ”
YOU ARE READING
Cinderella ( New Version )
Fanfictionကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက......... ကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက.........