Unicode......
" ဖိုးဖိုး ဒါဆို Cinderella လေးက YiFan လား 😮 "
" ဟုတ်တယ် ဖြစ်လောက်တယ် ပုံပြင်ထဲမှာ ဖိနပ်ကျန်ခဲ့တာ Cinderella မင်းသမီးလေး အခုနာရီ ကျန်ခဲ့တာ YiFan ဆိုတော့ YiFan Cinderella 😁 "
BaekHyun မေးတဲ့ မေးခွန်းကို LuHan ဝင်ဖြေသည်မှာ အချက်ကျကျ Cinderella ပုံပြင်ပင်ပါသွားသေးသည် ။ သူတို့ကြည့်ခဲ့သည့် Cinderella ဆိုတာ သူတို့ထက် အသက်တော်တော်များများကြီးနေပြီမလား ။ အခုပြောပြနေတဲ့ ဖိုးဖိုး ထက်တောင်ကြီးသေးသည် ။
" ဟုတ်တယ်ထင်လို့လားမြေးတို့ရဲ့ ဖိုးဖိုးက Cinderella လေးကို Park ChanYeol လို့မပြောမိသလို Wu YiFan လို့လည်း မသုံးမိပါဘူး "
" ok ပါ ဖိုးဖိုးရဲ့ သားတို့ ဇာတ်လမ်းလေး ဆက်ရအောင် "
" ဟိုဟိုဒီဒီပြောရင်နဲ့ ကဲဒီနေ့တော့ဒီလောက်ဘဲ ဆိုတဲ့ ဖိုးဖိုး ပုံပြင်က ဇာတ်လမ်းတွဲတွေလိုဘဲ "
စကားတတ်၍ သွက်လက်တဲ့ လူးသားနှစ်ယောက်ဟာ ထိုလူသားနှစ်ယောက်ပင် ။ BaekHynu စကားကို ထောက်ခံကြောင်းပြု၍ မျက်လုံးတို် အရည်လဲ့နေသည်မှာ LuHan ။
" အင်း နာရီလေးကို ကိုင်လို့ ထိုညက အိပ်မပြောခဲ့တာ တစ်ညလုံးဘဲ မိုးလင်း ခါနီးမှ အိပ်ပျော်သွားတဲ့ ကောင်လေးက မနက်အတွက် မနက်စာပြင်ဖို့ နောက်ကျခဲ့တာပေါ့ "
♕♨ ♕ ♨
" Gege ChanYeol gege အခုထိမထသေးဘူးလား ဗိုက်ဆာတယ် "
မနက်မိုးလင်းလို့ ထမင်းစားပွဲမှာ အသင့်ဖြစ်နေတတ်တဲ့ မနက်စာက အခုမရှိနေ ။ နှုတ်ခမ်းဆူ ပြောနေတဲ့ ညီဖြစ်သူကို ခဏဟူ၍ YiFan အပေါ်ထပ်က ChanYeol အခန်းကို တက်လာခဲ့သည် ။
" ChanYeol ChanYeol "
ပါးစပ်ကလည်း အော်ခေါ်၍ လက်ကလည်း တံခါးကို ထုနေသည် ။ ChanYeol ထိုအသံတွေကြောင့် နိုးထလာခဲ့သည် ။ အိပ်ချင်စိတ်မပြေစွာထ၍ တံခါးဖွင်ပေးလိုက်သည် ။
" Wu ChanYeol ဘာစောက်ချိုးချိုးတာလဲ "
တံခါးဖွင့်ဖွင့်ချင်းကြားလိုက်ရတဲ့ အသံက ဒေါသတွေနဲ့မို့ အိပ်ချင်စိတ်က ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရသည် ။ ကိုကို မျက်နှာသည် တင်းမာလျက်ရှိသည် ။ အိကျႌအစလေးကို တင်းတင်း ဆုပ်ကိုင်ထားမိတဲ့ ChanYeol လက်တို့က မသိမသာ တုန်နေသည် ။
YOU ARE READING
Cinderella ( New Version )
Fanfictionကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက......... ကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက.........