Unicode.....
တစ်ထောင်တစ်ည ဆိုတဲ့ ပုံပြင်ထဲမှာ ဖိုးဖိုး ပြောတဲ့ ပုံပြင်လည်း ပါကောင်းပါနိုင်ပါသည် 😒😒😒😒 ။ ဖိုးဖိုး ပြောတဲ့ ပုံပြင်ကို နားထောင်ရသည် မှာ ကစားချိန်လည်း ပုတ်သည် ။ ဖိုးဖိုး အခန်းထဲ ငြိမ်ငြိမ်လေး ထိုင်၍ နားထောင်နေရသည် ။ တကယ်ဆို LuHan နဲ့ BaekHyun ဆိုတဲ့ လူမျိုးတွေက မျောက်သွေးအပြည့်ပါသည့် အမျိုး မျောက်တောင် မျောက်လွဲကျော် အမျိုး 😬😬😬 ။ ဒါကို ငြိမ်ငြိမ်လေး နားထောင်ပေးနိုင်တာကို အချေကိုင်ပြီ သေသေချာချာ မပြောပြနိုင်တဲ့ ဖိုးဖိုး 😠😠😠😠 ။
LuHan ဖျားနေတော့ ဘာမှမစား ဆေးလည်း မသောက် ပေကတ်ကတ် လုပ်နေလို့ ဖိုးဖိုးက ပုံပြောပြမယ် ဆေးထိုးမလား မေးလေတော့မှ ငိုမဲ့ငိုမဲ့နှင့် ခေါင်ညိမ့်သည် ။ ဆရာဝန်ပင့်၍ ဆေးထိုး ပေးရသည် ။ ဆန်ပြုတ်နည်းနည်းနဲ့ ဆေးသောက်ပြီ LuHan အိပ်ပျော် သွားတော့ ဖိုးဖိုးလည်း LuHan အခန်းထဲက ထွက်လာခဲ့သည် ။ BaekHyun ကတော့ ကျောင်းသွားရသည် ။
LuHan ဖျားနေ၍ BaekHyun မှာ ဖေဖေနဲ့ အိပ်ရသည် ။ မေမေကတော့ လုဟန်နဲ့ လာအိပ်ပေးသည် ။ LuHan ဖျားတော့ BaekHynu လည်းနည်းနည်းတော့ ငြိမ်နေရှာသည် ။ မျောက်တွေ ဒီလိုကျ သနားဖို့ကောင်းသလိုလိုပင် ။
" ဖိုးဖိုးရေ ဖိုးဖိုး "
" ဟေ့ BaekHuyn ဘာတုန်းကွ ကျောင်းကတောင်ပြန်လာပြီလား "
" ပြန်လည်းလာပြီး LuHan ကိုလည်း စာကူးပေးပြီးပြီ ပင်ပန်းတယ် သိလား 😔😔😔 ဒါပေမဲ့ အခု LuHan က နိုးလာတော့ ဖိုးဖိုး ကပုံပြောမယ် မှာထားတယ် BaekHyun သွားခေါ်ဆိုလို့ လာခေါ်တာ "
" ဟေ့ ဟုတ်လား အေးအေး လာခဲ့မယ်ကွာ ငါရေချိုးဦးမယ် "
" ဟာ ဖိုးဖိုး မှောင်တော့မှာ မချိုးနဲ့ မချိုးနဲ့ ဖိုးဖိုး က ၁၂ ရာသီ မွှေးနေတာ မလိုဘူးမလိုဘူး လာလာ တစ်ခါတည်းသွားမယ် "
ပြောလည်းပြော ထိုင်နေတဲ့ ဖိုးဖိုးကိုအတင်းဆွဲတော့သည် ။
YOU ARE READING
Cinderella ( New Version )
Fanficကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက......... ကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက.........