Unicode
" Baby Park Baby Park "
ChanYeol အခန်းရှေ့က YiFan အော်နေချင်ဖြစ်သည် ။ တကယ်ဆို အခန်းရှေ့က အော်စရာမလိုပါ အခုတော့ Lock ချထားသည်မို့ ။
" Ne ကိုကို "
တံခါးလေးပွင့်သွားတာနဲ့ မျက်နှာအစား ဆံပင် ကောက်ပွပွလေးတို့ပင် တွေ့ရသည် ။
" ဘာတွေလုပ်နေတာလဲ ကိုကိုခေါ်နေတာကြာပြီ "
" ဟို စာကျက်နေတာပါ ကိုကို "
မော့မကြည့်ဘဲ ခေါင်းကြီးငုံ့နေသည် ။ ChanYeol ကို YiFan စိတ်မရှည်ချင် ။
" ဟုတ်လား Baby Park ကိုကို ရှောင်နေတာတော့မဟုတ်ဘူးမလား "
" မဟုတ်ပါဘူး ရှောင်စရာလား မရှောင်ပါဘူး ရှောင်ရအောင်လဲ ဘာမှမလုပ်ထားဘူး "
အဲ့လို့ပြောတော့မှ နှုတ်ခမ်းထော်ထော်နဲ့ ခေါင်းမော့ရန်တွေ့တော့သည် ။ စာလုပ်နေတာမို့ မျက်မှန် ဝိုင်းဝို်င်းလေးကလည်း မျက်နှာမှာ နေရာယူထားသည် ။
ဒီရက်ပိုင် ChanYeol တစ်ယောက် ထိုမျက်မှန်ဝိုင်းကြီးကို အမြဲတပ်ထားတတ်သည် ။
" ထားတော့ ကိုကိုနဲ့ အခုစာတူတူ လုပ်ပေးမလား "
" Ne!!? "
အံသြသွားတာတော့ အမှန် YiFan လို Roll one က စာလုပ်ရန်ပြောတော့ တစ်ခုခုပင် ။
" ဘာလဲ မလုပ်ချင်ဘူးလား "
" မဟုတ်.....
" ရပါတယ် "
စကားကို ဖြတ်ပြောပြီ ထွက်သွားတဲ့ YiFan ကြောင့် ChanYeol မျက်လုံးပြူး၍ ပြန်ဖြေလိုက်သည် ။ တကတည်း လူကို အမျိုးမျိုးကို နှောင့့်ယှက် နေတာ ထိုလူသားမသိလေသလား ။
![](https://img.wattpad.com/cover/85184820-288-k987024.jpg)
YOU ARE READING
Cinderella ( New Version )
Fanficကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက......... ကဲ မီးမီးတို့ သားသားတို့ ဖိုးဖိုး ပုံပြောပြပြမယ် ပုံပြင်လေးက ခေတ်သစ် စင်ဒရဲလာတဲ့ မြေးတို့ရဲ့ သူက.........