သူနာပြုလေးရဲ့အခန်းထိလိုက်ပို့မှုမှာ ရှောင်းကျန့် တိတ်တိတ်လေးလိုက်ပါလာရင်း နည်းနည်းတော့ စိတ်ကောက်ချင်လာသည်။ လိုအပ်တာတွေ သွားဝယ်မယ်ဆိုပြီး ထွက်သွားတဲ့ရိပေါ်က သူဆေးစစ်ပြီးတဲ့အချိန်ထိကို ရောက်မလာခဲ့သေးဘူး။" ဘာတွေဝယ်နေလို့ အဲ့လောက်ထိကြာနေပြန်တာလဲ။ "
"ရှင် ! "
တိုးတိုးလေးသာပြောထွက်လိုက်တဲ့ သူ့အသံကို သူနာပြုလေးက ကြားဖြစ်အောင်ကြားသွားသေးသည်။
"ဘာ...ဘာမှမဟုတ်ပါဘူး။ အခန်းကိုရောက်တော့မယ်မလား။ "
"ရှေ့တင်ပဲ ရောက်ပါပြီ။ တံခါးတောင် ဟထားတာပဲ။ လူရောက်နေပြီထင်တယ်။ "
နှုတ်ခမ်းလေးတွန့်ရင်းသာ ရှောင်းကျန့်က နှာတစ်ချက်မှုတ်ထုတ်လိုက်သည်။
"ဧည့်သည်များလားရှင်။ "
သို့သော် အခန်းထဲရောက်ရောက်ခြင်း သူနာပြုလေးဆီက ကြားလိုက်ရသော ဧည့်သည်ဆိုတဲ့စကား။
"မဟုတ်ပါဘူး။ လူနာရဲ့ရင်းနှီးတဲ့အသိမိတ်ဆွေပါ။ "
အထက်တန်းလွှာကျကျ ခပ်ချိုချိုမိန်းမတစ်ယောက်ရဲ့အသံမှာ ရှောင်းကျန့် တုန်လှုပ်စွာနဲ့ ဝှီးချဲလက်တန်းကို မသိမသာဆုတ်ကိုင်မိလိုက်သည်။
"ဒါဆို ကျွန်မသွားလိုက်ပါအုံးမယ်။ လူနာရှင်ပြန်ရောက်လာရင်သာ ဆရာဝန်ကြီးဆီလာတွေ့ဖို့ ပြောပေးပါအုံး။ "
"စိတ်ချပါ။ ကျွန်မ ပြောပေးလိုက်ပါ့မယ်။ "
အခန်းတံခါးဆွဲပိတ်သွားတဲ့အသံမှာ ကူကယ်ရာမဲ့နေတဲ့ ကလေးတစ်ယောက်လိုပဲ ရှောင်းကျန့်ရဲ့မျက်လုံးတွေက မတည်မငြိမ်နဲ့ဖြစ်လာသည်။ ထို့နောက် သူ့ရှေ့တည့်တည့်က ဆိုဖာမှာလာထိုင်လိုက်တဲ့အသိမှာ ရှောင်းကျန်ကတုန်ကယင်နဲ့ နှုတ်ဆက်မှုပြုလိုက်သည်။
"နေကောင်းရဲ့လား အန်တီ။ "
တစ်ဆက်ထဲမှာပဲ မျက်နှာချင်းဆိုင်က ရိပေါ်မားမားက ခပ်ဖွဖွရယ်သံလေးနဲ့ မတိုးမကျယ်ရယ်သည်။ ခန့်မှန်းရမခက်လွန်းပေမဲ့ ဒီရယ်မောမှုက ရှောင်းကျန့်ကို တစ်ခဏအတွင်း ပင်ပန်းစေခဲ့တယ်။
YOU ARE READING
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfiction' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '