မျက်ရည်တွေနဲ့ ပြေးထွက်လာခဲ့တဲ့ဟွားဟွားက အခန်းရှေ့တင်ပဲ လှဲကျသွားရသည်။ အသံထွက်မငိုမိအောင် ထိန်းထားရာက သူမဟာ လှဲကျမိသည်နဲ့အတူ ရှိုက်သံတွေထွက်ကျလာခဲ့ရင်း လွှတ်ကျမိသွားသော ဘေးလွယ်အိတ်လေးကို အမြန်ကောက်ကိုင်ကာ ထရပ်လိုက်သည်။တစ်ချိန်ထဲမှာပဲ မျက်နှာချင်းဆိုင်မှာ တွေ့လိုက်ရသော လူကုံထံအသိုင်းဝိုင်းကမှန်း ပြောစရာမလိုအောင်သိသာသည့် အမျိုးသမီးတစ်ဦးက သူမကိုအံ့သြသလိုကြည့်နေခဲ့သည်။
မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ဟွားဟွားဟာ ရှက်ရွံ့စိတ်နဲ့ အလျင်အမြန်ပဲမျက်ရည်တွေကိုသုတ်သင်ပြစ်ရင်း ထိုအမျိုးသမီးရှေ့မှ ပြေးထွက်ဖို့ပြင်လိုက်သည်။
သို့ပေမဲ့ ဖျတ်ခနဲလှမ်းဆွဲထားလာသည့် လက်တစ်စုံက သူမကိုဟန့်တားထားခဲ့လေတယ်။
**************************************
ဝှီးချဲပေါ် အသက်မရှိသူလိုပဲ မတုန်မလှုပ်နဲ့ထိုင်နေတဲ့ရှောင်းကျန့်ကို ရိပေါ်က ပွေ့ချီသွားရင်း ကုတင်ပေါ်ချပေးလာသည်။ ပြီးတော့ စိတ်ပျက်သလိုအသံလေးနဲ့ ခပ်တိုးတိုးဆိုတယ်။
"ဟွားဟွားဆိုတဲ့ကောင်မလေး တကယ်မလွယ်ဘူးပဲ။ သူလာသွားတာနဲ့ ချက်ချင်း ကျန့်ကောစိတ်ညစ်သွားရပြီ။ တကယ်ဆို ကျွန်တော်သူ့ကို ခေါ်လာချင်တာမဟုတ်ဘူး။ ပေကျင်းမှာအတူရှိနေပြီးမှ မတွေ့ပဲနေရတယ်မျိုး ဖြစ်မှာစိုးလို့သာ ခေါ်ခဲ့တာ။ "
ကုတင်ခေါင်းရင်းကိုအမှီပြုလိုက်ရင်း ရှောင်းကျန့်က မျက်လုံးတွေကို မှိတ်ချထားခဲ့သည်။
ဟွားဟွားထွက်သွားပြီးလို့ ငါးမိနစ်လောက်အကြာမှာရောက်လာခဲ့တဲ့ရိပေါ်က မောင်နှမနှစ်ယောက်စကားပြောစေဖို့ တမင်သက်သက်ရှောင်ပေးသွားမှန်း သူသိတယ်။
ဟွားဟွားအတွက် မုန့်သွားဝယ်မယ်ဆိုပြီး အပြင်သွားလိုက်တဲ့ ရိပေါ်ရဲ့လက်ထဲ တကယ်တမ်းပါလာတာတွေကလဲ ရှောင်းကျန့်ကြိုက်တတ်သော သရေစာတွေနဲ့ အသုံးအဆောင်အချို့သာ။
"သူဘာတွေလျှောက်ပြောသွားသေးလဲ။ ပြောလဲစိတ်ထဲထည့်မထားနဲ့။ အခုချိန် ကျွန်တော့စကားလောက် ဘယ်သူ့စကားကိုမှ အရေးလုပ်စရာမလိုဘူး။ "
KAMU SEDANG MEMBACA
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fiksi Penggemar' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '