"Congratulations Brightest Star!!! "
အစီစဉ်ကြေညာသူရဲ့ အသံသြဇာကောင်းကောင်းနဲ့ အော်လိုက်တဲ့အဆုံး စတိတ်အမြင့်ကြီးပေါ်ထက်က အဖွဲ့ငါးဖွဲ့ရပ်တည်ထားတဲ့အနက် Brightest Star အမည်တွင်တဲ့ လူသုံးယောက်ဆီသာ ပြန့်ကျဲလာသော ရွှေရောင်စက္ကူစတွေ။
Jay ၊ Maya နဲ့ ရိပေါ်ဟာ ခုန်ပေါက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်ပစ်လိုက်ကြသည်။ စတိတ်အောက်က လက်ခုပ်လက်ဝါးသံတွေဟာလည်း ခန်းမကြီးတစ်ခုလုံးမြည်ဟီးနေခဲ့ရင်း ကျဲချနေခဲ့တဲ့ရွှေရောင်စက္ကူစတွေဟာ အဆက်မပြတ်။
တီဗီထက်က ဝမ်းသာစရာမြင်ကွင်းကို လင်မယားနှစ်ယောက်ကတော့ မျက်ရည်အဝိုင်းသားနဲ့ကြည့်လျက်သာ မတုန်မလှုပ်ဖြစ်နေသည်။
ပျော်သင့်သလောက် မပျော်နိုင်တဲ့ သူတို့အတွေးတွေထဲ ရှောင်းကျန့်ကအဓိကျတယ်။ အခန်းတံခါးကိုလော့ချကာ တစ်ယောက်ထဲနေထားတဲ့ သားလေးအတွက် စိုးရိမ်စိတ်နဲ့ သံသယမကင်းတဲ့စိတ်က ပိုနေသည်။
"ရိပေါ်တို့နိုင်သွားပြီ။ ရိပေါ်တို့နိုင်သွားပြီ။ "
ရှောင်းကျန့်မားမားက မျက်ရည်စက်လက်နဲ့ လက်တွေက ကတုန်ကယင်ဖြစ်စွာ ယောက်ျားဖြစ်သူကို လှည့်ကြည့်တယ်။
"ဟုတ်တယ်။ သူ့ဘဝတော့ ဟိုးအမြင့်ထိရောက်တော့မယ်။ "
"ကျန့်ကျန့်...ကျန့်ကျန့်ရော...ကြည့်နေမယ်ထင်လား။ သူကြည့်နေခဲ့မယ်ဆိုရင် ကျွန်မလိုပဲမျက်ရည်တွေကျနေလောက်ပြီ။ "
"သေချာပေါက် သူကြည့်နေမှာပေါ့ကွာ။ ရိပေါ်ကို ငါတို့ကျန့်ကျန့်က ဘယ်လောက်ထိချစ်လဲ မင်းလဲအသိပဲ။ သူ အခုလိုအချိန်မှာ အခန်းထဲဘာလုပ်နေမှာမို့လဲ။ "
စကားအရ စိုးရိမ်မှုအားမကြီးအောင် ဒီလိုပြောပေးနေမှန်းသိတယ်။ သူမဟာ သူမယောက်ျားရဲ့လက်ကိုလွှတ်ချပြီး ခေါင်းတခါခါနဲ့ ဆိုဖာပေါ်ကထရပ်လိုက်သည်။
"မဖြစ်တော့ဘူး။ ကျွန်မတို့ ကျန့်ကျန့်ကိုသွားကြည့်ရအောင်။ သူမူမမှန်ဖြစ်သွားတာ ရှင်ရော ကျွန်မရော တွေ့ခဲ့တယ်မလား။ အခန်းထဲ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ "
CZYTASZ
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfiction' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '