"ရီပေါ် ""........"
လှည့်ကြည့်ရုံလေးနဲ့ စကားသံတော့ထွက်မလာဘူး။ ရီပေါ်ရဲ့အကျင့်ပဲပေါ့။ သူမဘက်ကသာ အပြုံးလေးတစ်ခုနဲ့ အေးစက်မှုကိုဖြိုခွဲလိုက်ရတယ်။
"ငါလေ...အမြဲတမ်းသိချင်နေခဲ့တဲ့တစ်ခုကို မေးလို့ရမလား ? "
"မေးလေ။ ငါဖြေလို့ရရင်တော့ ဖြေမယ်။ "
လက်ခနဲဖြစ်သွားတဲ့မျက်လုံးဝိုင်းလေးတွေနဲ့ ဟွားဟွားက တရိပ်ရိပ်ပြေးနေသော ရထားပေါ် အကျအနထိုင်ရင်း သူ့ဘက်လှည့်လာသည်။
" ရည်းစားထားခဲ့ဖူးလား ? ဒါမှမဟုတ် တိတ်တိတ်လေးချစ်ရတဲ့ အချစ်ဦးရော ရှိခဲ့ဖူးလား ? "
သိချင်ဇောလေးနဲ့ မျက်လုံးတွေကိုအလွှတ်မခံပဲ မေးလာတဲ့ ဟွားဟွားကိုကြည့်ရင်း ရီပေါ်သဘောတကျနဲ့ ဖွဖွလေးရယ်မိသည်။ ဒီတော့ သူမက နှုတ်ခမ်းလေးဆူကာ အလိုမကျဖြစ်သွားသေး။
အတိတ်က ယောက်ျားလေးတစ်ယောက်ရဲ့ပုံရိပ်ကို ပြန်မြင်ယောင်မိရင်း အဲ့ဒီတုန်းက ကိုယ့်စိတ်ကိုယ်ပုံဖော်မယ်ဆိုရင်တော့ ဒါက ကလေးစိတ်သာသာပဲရှိခဲ့မှာ အမှန်ပဲထင်တယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ မသိစိတ်မှာ နေရာယူထားတဲ့ တစ်ခုသောအရာကိုတော့ အရွယ်ရောက်လာတာနဲ့အမျှ ပိုသိလာခဲ့တယ်။ အဲ့ဒီလူကို အရူးတပိုင်းချစ်ခဲ့မိတယ်ဆိုတာ....။
" အချစ်ဦးတော့ လူတိုင်းမှာရှိနိုင်ကြတာပဲလေ ဟွားဟွား။ မရှိဘူးလို့တော့ဗြောင်မငြင်းချင်ဘူး။ "
" တော်တော်ထူးခြားတဲ့သူပဲဖြစ်ရမယ်။ "
"ဘာကို ??? "
"နင့်အချစ်ဦးကိုလေ။ နင်ချစ်မိခဲ့သူက သာမန်လူတစ်ယောက်တော့မဖြစ်နိုင်ဘူးလို့ထင်တယ်။ "
အမြဲတမ်းအပြုံးမပျက်တဲ့ ဟွားဟွားက ဒီနေ့တော့ အနည်းငယ်ဟန်ဆောင်မှုတွေပါလာတယ်။ သူမအပြုံးနုနုလေးတွေမှာပေါ့။ မျက်လုံးတွေ ဂဏှာမ
ငြိမ်ဖြစ်နေတဲ့ သူမက ရီပေါ်ရဲ့အကြည့်တွေကို
ကြာကြာအကြည့်မခံတော့ဘူး။" နင်က ငါသိသလောက်တော့ တစ်ခြားသူတွေနဲ့ လုံးဝကွဲပြားတဲ့ လူတစ်ယောက်လေ ရီပေါ်။ ဒါကြောင့် နင့်နှလုံးသားထဲ တိုးဝင်နိုင်တဲ့ မိန်းကလေးကလဲ ငါနဲ့ဘယ်တူနိုင်မလဲ။ "
KAMU SEDANG MEMBACA
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fiksi Penggemar' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '