ဘုရားကျောင်းတစ်ခုထဲက ညိမ့်ညိမ့်ညောင်းညောင်း စီးဆင်းထွက်ပေါ်လာသော တယောထိုးသံလေးတစ်ခု။
နွေဦးရဲ့အစမို့ ဘုရားကျောင်းဝင်းထဲ သစ်ရွက်ကြွေတို့က ဖြောက်ဖြောက်ကြွေကျကာ တယောသံလေးနဲ့အတူ ခုန်ဆင်းမြူးထူးနေသယောင်။
ဟောခန်းမကြီးထဲက လူနှစ်ရာကျော်ဟာ တိတ်ဆိတ်ငြိမ်သက်ရင်း ကလေးတစ်ယောက်ရဲ့ တည်ငြိမ်အေးချမ်းလှတဲ့ အပြုမူမှာ စီးမျောလို့။
စတိတ်ပေါ်မတ်တပ်ရက်လျက် မျက်စိမှိတ်ကာ
ခံစားမှုအပြည့်နဲ့ တီးခတ်နေတဲ့ ဆယ့်ငါးနှစ်အရွယ် လူငယ်လေးဟာ ကလေးတစ်ယောက်နဲ့လားလားမှမတူ။ရင့်ကျက်တည်ငြိမ်လွန်းတဲ့ သူ့ပုံစံဟာ တစ်နည်းအားဖြင့် လူအများကို ဆွဲဆောင်နိုင်စေပြီး ပါရမီပါတဲ့လက်သွယ်သွယ်တို့က တယောတစ်လက်ကို ကျွမ်းကျင်စွာ တီးခတ်နေခဲ့သည်။
လွမ်းဆွတ်ဖွယ်ရာရော ကြည်နူးစရာပါ ရောယှက်နေတဲ့ သံစဉ်တေးသွားတစ်ပုဒ်က လူအားလုံးကို ငြိမ်သက်နေစေပြီး ကလေးလေးတစ်ယောက်ရဲ့ စိတ်နှလုံးကိုတောင်မှ မှင်သက်နေစေသည်အထိ။
အချိန်အတော်ကြာ တီးခတ်မှုရဲ့နောက်မှာ မြင့်တက်လာတဲ့ သံစဉ်က လူတွေရဲ့စိတ်ဆန္ဒကို ထပ်လောင်းအရှိန်တင်စေလာပြီး တဖြေးဖြေး လျော့ကျသွားတဲ့ သံစဉ်လေးနဲ့အတူ ထိုလူငယ်လေးရဲ့ တယောထိုးတံကိုကိုင်ထားတဲ့ လက်တွေဟာ ငြိမ်သက်သွားလေတော့သည်။
ဖြောင်း...ဖြောင်း...ဖြောင်း....
လက်ခုပ်လက်ဝါးတီးကာ အားပေးလာတဲ့ လူနှစ်ရာကျော်ရဲ့ အားပေးမှုဟာ ဘုရားကျောင်းကြီး တစ်ခုလုံးကိုတုန်ခိုက်မတတ် မြည်ဟီးစေခဲ့သည်။
စင်အောက်က လူတွေရဲ့ ကျေနပ်အားရတဲ့ အပြုံးတွေနဲ့ ချီးမွမ်းထောပနာပြုနေတဲ့ မြင်ကွင်းကို ကျနော်စင်ပေါ်မှ ဂုဏ်ယူစွာခေါင်းငုံ့အရိုသေပေးလိုက်သည်။
ESTÁS LEYENDO
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfic' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '