Zawgyi
"ကောကော "
ပိတ်ရက်တိုင်း ကြားနေကျအသံလေး။
ချစ်စရာအပြုံးလေးတွေ။ ဆိုးနွဲ့တတ်တဲ့ အမူရာလေးတွေ။ တစ်ခါတစ်ရံ လူကြီးဆန်တဲ့ အပြူမူတွေနဲ့ ခြိမ်းခြောက်မှုမဆိုတဲ့ စိတ်ကောက်မှုလေးတွေ။
တယောတစ်လက်ကလွှဲပြီး ဘာအစွဲအလမ်းမှမ
ရှိတဲ့ ကျနော့ဘဝထဲ ဒီကလေးလေးက တစ်ထောင့်တစ်နေရာမှ ဝင်ရောက်လာသည်။
သံစဉ်တွေနဲ့ လုံးချာပတ်လည်နေခဲ့တဲ့ ကျနော်က
ကောကောဆိုတဲ့ အသံလေးကို တောင့်တတတ်လာသည်။"ရော့...ဒီအအေးက သားကိုယ်တိုင်...မားမားလုပ်ပေးတာ။ "
"ဘာရယ်....သားကိုယ်တိုင် မားမားလုပ်ပေးတာ?ဟ...ဟား..."
ရုပ်တည်ကြီးနဲ့လာပြောတဲ့ ရီပေါ်ကို ကျနော်ပြန်မေးခွန်းထုတ်ရင်း ရယ်မိသည်။
ဖန်ပုလင်းအကြည်နဲ့ထည့်လာတဲ့ လိမ္မော်ဖတ်တွေနဲ့အဖျော်ရည်။
အမြဲတမ်းပဲ..သူ့ကိုရယ်မိရင် နှုတ်ခမ်းထော်ကာ ဆူပုတ်ရင်း ဂျိုကြည့်,ကြည့်တဲ့ကောင်လေးကြောင့် ကျနော် သူ့လက်ထဲက အအေးဘူးကို လှမ်းယူကာ အရှိန်သတ်လိုက်ရသည်။"ကြို..."
လက်ကလေးလှမ်းကာ အထက်စီးဆန်တဲ့ ချွဲနွဲ့မှုလေး။ ဒါကလဲ ကျနော်ထိုင်နေကျ နေရာကိုလာ
ပြီး သူလုပ်ခိုင်းတတ်တဲ့ အကျင့်တစ်ခု။
ကျနော် သူ့ကိုပွေ့ချီပြီး ဘေးနားချပေးလိုက်သည်။" ကောကောက တယောတီးပြပြီးရင် ပင်ပန်းနေမှာစိုးလို့ အိမ်ကနေ တကူးတက လုပ်လာတာ။
ရယ်ဒီမိတ်တွေက ကျန်းမာရေးနဲ့မညီညွတ်ဘူးလေ။ အဲ့တာကြောင့် မားမားကို သားကိုယ်တိုင် လုပ်ခိုင်းထားတာလို့။ "လက်ဟန်ခြေဟန်တွေနဲ့ပါ ရှင်းပြနေလို့ ကျနော်က ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့စိတ်ကြိုက် နားထောင်ပေးရသည်။
"ခဏ ယူသောက်မယ်နော် ။ ကောကောကို ရှင်း
ပြရတာ မောလိုက်တာ။ "
YOU ARE READING
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Fanfiction' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '