အပိုင်း 48(ZawGyi&Unicode)

1K 122 31
                                    


လှစ်ဟသွားတဲ့အခန်းတံခါးရှေ့ ပေါ်လာတာဟာ မျှော်လင့်တကြီးနဲ့ တွေ့ချင်နေတဲ့သူမဟုတ်ပဲ သူစိမ်းလူတစ်ယောက်။ သူစိမ်းဆိုးပေမဲ့ ရင်းနှီးမိထားတဲ့ အဲ့ဒီသူစိမ်း ဝေ့ချန်ဖုန်း!!!!

တွန့်ခနဲဖြစ်သွားတဲ့မျက်ခုံးတစ်ဖက်နဲ့ ရိပေါ်ဟာ သူ့လက်ထဲကိုင်ထားတဲ့ ခရီးဆောင်အိတ်ကို တင်းကြပ်စွာပြန်ဆုတ်ကိုင်လိုက်သည်။ နှစ်ယောက်သားက အခန်းအပြင်နဲ့ အခန်းအတွင်း ကြားနေရာမှာ တစ်ယောက်ကိုတစ်ယောက်သာ စိုက်ကြည့်နေမိရင်း ဘာစကားမှမဆိုနိုင်ခဲ့ကြ။

ရိပေါ်ရဲ့မျက်ဝန်းအိမ်တွေကတော့ ဒေါသမီးလှိုင်းတွေတရိပ်ရိပ်တက်လာရင်း ချန်ဖုန်းဆီမှ ပထမဆုံးထွက်ကျလာမဲ့စကားကို စိတ်ပျက်စွာစောင့်ဆိုင်းနေပုံရတယ်။

"ရိပေါ်..."

ချန်ဖုန်းရဲ့နောက်ကျောကနေ ထွက်လာတဲ့အသံက ကြားချင်နေတဲ့အသံလေးဆိုပေမဲ့ ဟက်ခနဲရယ်ရင်းသာ အထဲကိုလှမ်းကြည့်မိတယ်။ ပျော်ရွှင်ရိပ်သန်းနေပြီး ဖုံးကွယ်လို့မရနိုင်စွာဖြစ်နေတဲ့ ရှောင်းကျန့်ရဲ့မျက်နှာထားက သူ့ကိုကြိုဆိုလျက်ပေမဲ့ ခနဲ့တဲ့စွာပဲပြုံးပြဖြစ်ပါရဲ့။

"ဘာလုပ်နေတာလဲ။ အထဲဝင်လာလေ။ ငါမင်းကို အကြာကြီးစောင့်နေခဲ့တာ။ ချန်ဖုန်း...သူ့အိတ်ကို သယ်ကူပေးနိုင်မလား။ "

ရိပေါ် တကယ်ကိုပဲ အသံထွက်မတတ်ရယ်ချင်သွားတဲ့စိတ်ကို မနည်းထိန်းထားရတယ်။ ဒီလူတွေ သူ့ကိုဘယ်လိုနေရာမှာထားပြီး ဆက်ဆံနေကြတာလဲ။

ရှောင်းကျန့်ရဲ့စကားကို ကြောင်လိမ္မာလေးလို လိုက်နာတဲ့ချန်ဖုန်းကလည်း သူ့အိတ်ကိုဆွဲယူကာ အထဲဝင်သွားသေးတယ်။

အခုထိအခန်းထဲမဝင်ဖြစ်တဲ့ ရိပေါ်ကတော့ ဝှီးချဲထက်ကရှောင်းကျန့်ကို စိတ်ပျက်ပြုံးတွေနဲ့သာ ပြုံးရင်းကြည့်ထားမိတယ်။ စကားတစ်ခွန်းမှတောင် မဆိုမိဘူး။

"ရိပေါ်...မင်း ဘာလို့ အဲ့လိုကြီး.."

"ကျွန်တော်ပြန်တော့မယ် ရှောင်းကျန့်။ ရိပေါ်လဲ ပြန်ရောက်လာပြီဆိုတော့။ "

ချန်ဖုန်းဆိုတဲ့လူဟာ ရိပေါ်ရဲ့အိတ်ကိုအခန်းထဲထည့်ပေးပြီးတာနဲ့ ပြန်ထွက်လာကာ ရှောင်းကျန့်ကိုနှုတ်ဆက်တယ်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Donde viven las historias. Descúbrelo ahora