သိသိသာသာအေးခြောက်သွားတဲ့ အိမ်လေးထဲ မားက ငူငိုင်စွာထိုင်ထားရင်း မျက်ဝန်းအိမ်မှာလဲ မျက်ရည်ကြည်တို့က တိုးဝေ့လို့။ ပါးက ဆေးပေါ့လိပ်ဖွာရင်း အိမ်အပြင်ဘက်ကို ငေးမိငေးရာငေးကြည့်နေခဲ့တယ်။ ဒီနေ့က ကောကောနဲ့ရိပေါ်တို့ အိမ်ပြန်သွားတဲ့နေ့လည်ခင်းလေ။သူမစိတ်ထဲပင်ပန်းနွမ်းနယ်မှုတို့က ယခင်ကထက်ပြေလျော့သွားခဲ့ပေမဲ့ ပိုဆိုးရွားစွာခံစားလာရတာက လက်လွှတ်လိုက်ရပြီဖြစ်သော တစ်စုံတစ်ယောက်။ သိပ်ခံရခက်လွန်းခဲ့သည်။
ဘယ်လိုအကြောင်းတိုက်ဆိုင်မှုတွေက အဲ့ဒီလောက်ထိ သူတို့အပေါ်မှာ သက်ရောက်နေခဲ့သလဲဆိုတာ ဖြေသိမ့်လို့တောင်မရဘူး။"ကျန့်ကျန့် ဟိုမှာဘယ်လိုသွားနေမလဲမသိပေမဲ့ ကျွန်မတော့ ရင်တွေကွဲထွက်တော့မလိုပဲရှင်။ "
မျက်ရည်တွေသုတ်ရင်း မားကဆွေးဆွေးမြေ့မြေ့ဆိုလာသည်။
"သူအဆင်ပြေမှာပါ။ ဟိုးအရင်ကတည်းက သူတည်ရှိလာခဲ့တဲ့ပတ်ဝန်းကျင်ပဲ။ ဘာလို့အဆင်မပြေဖြစ်ရမှာလဲ။ သူစိမ်းဖြစ်တဲ့ငါတို့နဲ့တောင် ဒီနေရာမှာ သူအကြာကြီးအဆင်ပြေပြေနေနိုင်ခဲ့တယ်မလား။ "
"ကျွန်မက သူအဆင်မပြေဖြစ်မှာကို တွေးပူတာမဟုတ်ဘူးရှင့်။ ကျန့်ကျန့်လဲ ကျွန်မလိုပဲ ကျွန်မကို...ကျွန်မကို...သတိရနေပါ့မလားဆိုတာ...။ပြီးတော့ ကျွန်မ အတ္တကြီးလွန်းခဲ့လို့ ကိုယ့်ကိုယ်ကို သိပ်စိတ်ပျက်တာပဲ။ ဟုတ်တယ်... ကျွန်မကိုယ်တိုင်က ကျန့်ကျန့်ကို အချိန်အကြာကြီး ဒီဆင်းရဲဒုက္ခထဲဆွဲသွင်းနေခဲ့မိတာ..."
စကားဆက်မပြောနိုင်လောက်အောင်ကို မားက ဒီနေရာမှာ ချုံးပွဲချငိုနေတယ်။ အားပေးနှစ်သိမ့်လိုက်ချင်ပေမဲ့ ပါပါးရော သူမရော နောက်ထပ်စကားတွေထပ်မပြောဖြစ်ကြတော့ဘူး။ အခုချိန် တစ်ယောက်ချင်းစီရဲ့ စိတ်ထဲမှာ ပြောမထွက်လာနိုင်တဲ့ စကားတွေကိုယ်စီရှိကြမယ်။ အရင်ကတည်းက ကောကောကိုပိုချစ်တဲ့ မားက ဘယ်လောက်ခံစားနေရမလဲသိလို့ သက်သက်မဲ့အားပေးစကားတွေနဲ့ ထပ်ပြီးမပူဆွေးစေချင်တော့ဘူး။
အိမ်အထိကားနဲ့လာကြိုသွားတဲ့ ဟိုဘက်မိသားစုက ဘယ်လောက်ကြွယ်ဝချမ်းသာနေလဲဆိုတာမြင်ကြရတော့ သူမတို့သားအမိ သားဖအသုံးယောက်လုံး အံ့သြမှုတွေနဲ့ ရှက်ရွံ့သိမ်ငယ်မှုတို့က ရှောင်းကျန့်အပေါ် ပိုပြီးကျရောက်သွားခဲ့ရတယ်။ ကွာခြားလွန်းတဲ့ဘဝတွေမှာ ဆင်းရဲဒုက္ခတွေနဲ့ ရှောင်းကျန့်ကိုဆွဲခေါ်ထားမိပြီး လက်မလွှတ်ချင်တဲ့ဆန္ဒက သိပ်ကိုတစ်ကိုယ်ကောင်းဆန်နေခဲ့ပြီမလား။
ŞİMDİ OKUDUĞUN
တယောကြိုးလေးထက်ရစ်ပတ်နှောင်ဖွဲ့သည်(Completed)
Hayran Kurgu' ကျွန်တော်က ကောအတွက် ချိုသာတဲ့ချစ်ခြင်းသံစဉ်တွေသာ ထုတ်လွှတ်ပေးမဲ့ တယောကြိုးလေး '