အပိုင်း 3(ZawGyi&Unicode)

2K 272 29
                                    


ဘုရားကျောင်းခန်းမကြီးထဲ ကလေးလေးနှစ်ယောက်ထဲသာ ကျန်ရှိချိန် တယောသံဆွေးဆွေးလေးက တစ်ဖန်အသက်ဝင်လာသည်။
ခန်းမကျယ်ကြီးထဲ တန်းစီထားတဲ့ အညိုရောင်ကျွန်းခုံကြီးတွေကြားထဲက တိုးထွက်နေသော ခေါင်းလေးနှစ်ခု။
မျက်စိမှိတ်ကာ ခံစားမှုအပြည့်နဲ့ တီးခတ်နေတဲ့ ကောင်လေးအား ကလေးလေးတစ်ယောက်ကတော့ မျက်တောင်ပင်မခတ်ကာ ခေါင်းစောင်းစိုက်
ကြည့်နေခဲ့လေသည်။

တကယ်တော့ တယောသံကို သူ့စိတ်ထဲမှာ လေးလေးနက်နက်ကြီးခံစားတတ်လောက်ရအောင် သူဟာ အရွယ်မရောက်လေသေးဘူး။ ဒါပေမဲ့ တယောတီးသူရဲ့ ခံစားသက်ဝင်မှုကို ထိုင်ကြည့်ရင်း တည်ငြိမ်တဲ့ တယောသံကို နားထောင်ရတာတော့ သူပျော်သည်။

" ကောင်းလိုက်တာ ကောကော "

တယောတံကို ရပ်တန့်လိုက်တဲ့အဆုံးမှာ ဘေးကနေ အားပေးချီးမြှောက်လာတဲ့ ကလေးလေးရဲ့အသံ။

ကျနော်မှိတ်ထားတဲ့ မျက်လုံးတွေကိုဖွင့်လိုက်ရင်း
ရီပေါ်ကို ကြည့်လိုက်သည်။

သွားတွေပေါ်သည်အထိ ရယ်ပြုံးပြနေတဲ့ မျက်နှာလေးက ကျနော့အတွက် အမောဖြေစရာဖြစ်နေခဲ့လေပြီ။

" ကျေနပ်ပြီလား "

" Yes!!! "

လက်မလေးထောင်ပြကာ ကျေနပ်နေတဲ့ရီပေါ်ကြောင့် ကျနော်သူ့ခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။ ဒီကလေးက တော်တော် ဂျီကျတတ်သည့် ကောင်လေးမျိုး။ ကျနော်နဲ့ ရင်းနှီးလာတဲ့ ကာလတစ်လျောက်လုံး တစ်မျိုးမဟုတ်တစ်မျိုး ဂျီကျကာ မရရအောင် တောင်းဆိုတတ်ခဲ့သည်။
အခုလဲ ဘာစိတ်ကူးရသည်မသိ။ သူ့အတွက် သီးသန့်တယောတီးပြပါဆိုလို့ ဘုရားကျောင်းလာတက်တဲ့လူတွေ အကုန်ပြန်ပြီဆိုမှ သပ်သပ်တီးပြရသည်။

" သားလဲလေ ကောကောလို တယောတီးတတ်ချင်တယ် "

" ဒါဆို တယောတီးဘာလို့ မသင်လဲ။ ရီပေါ်လေးက ဖြစ်ချင်တာဆို မရရအောင် လုပ်တတ်တာမဟုတ်လား ?"

မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ အခြေနေမှာ ရီပေါ်က ကျနော့လက်ထဲက တယောလေးကို ဆွဲယူသွားလေသည်။
ထို့နောက် တယောကြိုးတွေပေါ် သူ့လက်ကလေးတွေနဲ့ ပွတ်သပ်ကာ ကျနော့ကိုမော့ကြည့်လာသည်။

တ​ယောကြိုး​လေးထက်​ရစ်​ပတ်​နှောင်​ဖွဲ့သည်​(Completed)Tempat cerita menjadi hidup. Temukan sekarang