*my love from galaxy part 7*

903 84 4
                                    

ဒီဇင်ဘာရဲ့နောက်ဆုံးရက်တွေမှာ အအေးဓာတ်က ပိုပိုတိုးလာတယ်
ကျမအနားမှာ ဒယ်လ်ဟာရှိနေလို့ တော်သေးတာပဲ
သူမ မရှိခင်ကလည်း ကျမတယောက်တည်း
ခါးသီးအေးစက်တဲ့ဆောင်းညတွေကို ဖြတ်သန်းခဲ့ဖူးတာပဲမဟုတ်လား
ဆောင်းညတွေကို cover ယူပြီး ကျမ သူမအပေါ် မှီတွယ်ခြင်းကို အစပြုခဲ့မိပြီလား
ညနက်လို့အအေးပိုလာတဲ့အခါ သူမရင်ခွင်ထဲရောက်သွားတဲ့ကျမ
သူမကပဲ ဆွဲယူခြင်းလား
ကျမဘက်က တိုးဝင်ခြင်းလား
အဓိပ္ပါယ်က သိပ်တော့မကွဲပြားပါဘူး
သူမဘက်က အစပြုတဲ့ထွေးပွေ့မှုတခုကို
ကျမက ငြိမ်သက်ခြင်းနဲ့
ငြင်းပယ်မှုတွေမရှိပါပဲ လက်ခံခြင်းကို တိတ်‌ဆိတ်စွာ ပြောပြနေခဲ့တာပဲ
မဟုတ်ပါလား
သူမဆီကရတဲ့ ဆောင်းဦးရနံ့ကို ကျမ
တကယ်ကိုနှစ်သက်နေပါပြီ
ကျမစိတ်ကို တည်ငြိမ်စေတယ်
ကျမနှလုံးသားကို နွေးထွေးစေတယ်
ကျမဘဝထဲရောက်လာတဲ့ ပထမနေ့ကတည်းက သူမရင်ခွင်က ကျမအတွက် ရင်းနှီးတဲ့ခံစားမှုနဲ့
ကျမနှလုံးသားရဲ့နားခိုရာအိမ်ငယ်လေးလို
ကျမစိတ်ကို လုံခြုံမှုပေးတယ်
ကျမသတိမထားမိခင်မှာ သူမအပေါ် လောဘသေးသေးလေးထားခဲ့မိတယ်
မနက်အိပ်ရာနိုးလို့ မျက်လုံးဖွင့်လိုက်တာနဲ့
သူမမျက်နှာကို မြင်တွေ့ချင်တယ်
သူမရင်ခွင်ထဲကကျမက ရှက်ရွံ့စွာနဲ့ ပြုံးမယ်
သူမက မောနင်းလို့နှုတ်ဆက်ပြီး ကျမနဖူးထက်ဆီ...
အာ..သူမက ကျမအတွေးကိုသိနေတယ်လေ
အဲ့တာတောင်မှ ကျမအိပ်ရာနိုးတာနဲ့ သူမကို
မမြင်တွေ့ရဘူး
အခုလည်း ဘယ်သွားနေလဲမသိဘူး
ကျမကို အရင်နှိုးပြီးမှ သွားပါတော့လား

လီရာ ~ "အိပ်ရာနိုးတာနဲ့ မတွေ့ရလို့ စိတ်ကောက်နေပြီလား"
"မဟုတ်ပါဘူးနော်"
နန်အာ ~ "ကဲပါ စိတ်ကောက်မနေပါနဲ့‌တော့
မျက်နှာသစ် ငယ်လေးကြိုက်တဲ့ခေါက်ဆွဲချက်ထားတယ် ပူပူနွေးနွေးစားရအောင်"
"မမနန်အာက အကောင်းဆုံးပဲ"

ကျမ လက်မထောင်ပြီး ပြောလိုက်တော့ မမနန်အာက ကျမခေါင်းကို လာပုတ်တယ်
ကျမကံကောင်းတယ်မဟုတ်လား
ကျမအပေါ်မှာ နားလည်တဲ့အမတွေကို ပိုင်ဆိုင်ထားရတာ
ပြီးတော့ ဒယ်လ်ဟာဆိုတဲ့သူမ
ကျမရဲ့အေးစက်နေတဲ့နှလုံးသားက သူမကြောင့်
သက်ဝင်လှုပ်ရှားလာပြီထင်ပါရဲ့

*my love from galaxy*(complete)Where stories live. Discover now